EPS – TOPIK စာမေးပွဲတွင် ဖြေဆိုမည့်သူ ၈၀၀၀ ကျော်ရှိ

EPS – TOPIK စာမေးပွဲတွင် ဖြေဆိုမည့်သူ ၈၀၀၀ ကျော်ရှိ
by -
မဇ္စျိမ

မေလ ၁၈ နှင့် ၁၉ ရက်တွင် ကျင်းပမည့် ပဥ္စမအကြိမ် EPS – TOPIK ကိုးရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ၀င်ရောက် ဖြေဆိုမည့်သူ ၈၀၀၀ ကျော်ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။

အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူ ဒေါ်သင်းသင်းလွင်က “ ယခုအကြိမ် စာမေးပွဲမှာဖြေ ဆိုမည့် သူ ၈၀၀၀ ကျော် ရှိတယ်။ ပြီးခဲ့တဲ့ စတုတ္ထအကြိမ်က ၄၀၀၀ ကျော်ရှိတယ်။ ပြီးခဲ့တဲ့အကြိမ် ကထက် စာရင်တော များလာတယ်။ တတိယအကြိမ်တုန်းကတော့ နှစ်ကြိမ် ဖြေဖြစ်တဲ့အ တွက် ၁သောင်းခန့် ဖြေတယ် ” ဟု ပြောသည်။

 ယခုအကြိမ် ဖြေဆိုမည့် စာမေးပွဲတွင် ယခင်ကဲ့သို့ ကိုးရီးယားလမ်းညွှန်စာအုပ် လေ့ကျင့်ခန်း မေးခွန်း ၂၀၀၀ မှ တိုက်ရိုက်မမေးဘဲ အမှန်တကယ် တတ်ကျွမ်း နားလည်မှုကို စမ်းသပ်သည့် ပုံစံမျိုးဖြင့် စစ်ဆေးသွား မည် ဖြစ်ကြောင်း၊ ပဥ္စမအကြိမ် EPS – TOPIK စာမေးပွဲ၏ အောင်စာရင်းကို ဇွန်လ ၃ ရက်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ထုတ်ပြန်ထားသည်။

ဖြေဆိုပြီးသည့်စာမေးပွဲများတွင် အောင်မြင်ခဲ့သူ ၁ သောင်းကျော် ရှိသည့်အနက် ၆၀၀၀ ကျော် အား ကိုးရီးယားနို်င်ငံတွင် အလုပ်လုပ်ကိုင် ရန် စေလွှတ်ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ တာဝန်ရှိသူ ဒေါ်သင်းသင်းလွင်က ဆိုသည်။

ကိုးရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ၂၀၁၀၊ ဇန်နဝါရီ တွင် ပြန်လည်ရောက်ရှိလာသော အလုပ်သမားများ အတွက် Computer Based Test (CBT) စာမေးပွဲကို ဇွန်လ ၁၇ နှင့် ၁၈ တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကိုးရီးယား နိုင်ငံတွင် အနိမ်ဆုံး ၃ နှစ် ထက်ပို၍ တရားဝင်လုပ်ကိုင်ခဲ့ပြီး ထပ်မံသွားရောက် အလုပ်လုပ်နိုင်ရေး အတွက် ကျင်းပပေးခြင်း ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက
ပြောသည်။