ပုဂံဇုန်ဝင်ကြေး ကောက်ခံခွင့် လျှောက်လွှာအား စိစစ်ပြီး ခွင့်ပြု ပေးသွားမည်

ပုဂံဇုန်ဝင်ကြေး ကောက်ခံခွင့် လျှောက်လွှာအား စိစစ်ပြီး ခွင့်ပြု ပေးသွားမည်
by -
မဇ္စျိမ

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် နိုင်ငံခြားသားများထံမှ ဇုန်ဝင်ကြေး ကောက်ခံမှု တာဝန် ပေးအပ်ရန် အတွက် ဧပြီ ၃၀ နေ့ နောက်ဆုံးထားပြီး လျှောက်လွှာ ခေါ်ယူရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Tourism Federation) တစ်ဖွဲ့တည်းသာ လာရောက်လျှောက်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်၏ ရုံးအဖွဲ့မှူး ဦးအောင်နိုင်မြင့်က ပြောသည်။

Ananda-Pagoda-Festiva

Ananda-Pagoda-Festiva၎င်းက “MTF တစ်ဖွဲ့တည်းပဲ လာလျှောက်ထားတယ်။ သူတို့ရဲ့ တင်ပြချက်ကို စစ်ဆေး နေတုန်းပဲ။ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီ တယ်ဆိုရင် နိုင်ငံတော်သမ္မတရုံးကို တင်ပြမယ်။ အားလုံးကိုက်ညီမှုရှိရင် ခွင့်ပြုပေးသွားမှာပါ။ ဘာင်မဝင်တဲ့ အချက်တွေရှိရင်လည်းဆွေးနွေး ညှိနှိုင်း သွားမယ်” ဟု ပြောသည်။

ပုဂံဇုန်ဝင်ကြေး ကောက်ခံမှုကို ခရီးသွား လုပ်ငန်းအဖွဲ့အစည်းတစ်ခုအား လွှဲပြောင်း ပေးခြင်းမှာ ပိုမိုကောင်း မွန်ကြောင်း၊ ဇုန်ဝင်ကြေးကောက်ခံရန် ၀န်ထမ်း ၃၅ ဦးကို တာဝန်ပေးထားရပြီး ဇုန်ဝင်ကြေးကောက်ခံမှု လွှဲပေးခြင်းဖြင့် ၀န်ကြီးဌာနအတွက်လည်း ၀န်ထုပ်ဝန်ပိုး လျော့ပါးသွား မှာဖြစ်ကြောင်း ပုဂံရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ဆိုသည်။

“ MTF က လျှောက်ထားတာကို ၀န်ကြီးဌာနက စိစစ်နေတယ်။ ၀န်ကြီးဌာနကို ၁ နှစ်သက်တမ်း အတွက် ပေးသွင်းရမယ့် အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်ပြီးရင် ကျန်ရှိ ရန်ပုံငွေကို ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုး ဖို့ အသုံးပြုသွားမှာပါ ” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Tourism Federation) ၏ အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာ က ပြောသည်။

ပုဂံယဉ်ကျေးမှု နယ်မြေ ဇုန်ဝင်ကြေးကောက်ခံ ခွင့်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ အသိအမှတ်ပြု နိုင်ငံသားပိုင် Tourism အဖွဲ့အစည်းများ လျှောက်ထားနိုင်ပြီး၊ ဇုန်ဝင်ကြေးကောက်ခံရန် တာဝန် ပေးအပ်ခြင်းခံရပါက တစ်နှစ်လျှင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၂ သန်း သို့မဟုတ် ကောက်ခံရရှိငွေ၏ ၈၅ ရာခိုင်နှုန်း အနက် ပိုမိုကျော်လွန် ပေးသွင်းနိုင်ရမည် ဟု ယဉ်ကျေး မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုဂံရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ ပုဂံဇုန် ၀င်ကြေးအား နိုင်ငံခြားသား တစ်ဦးလျှင် (၁၀) အမေရိကန်ဒေါ်လာ ကောက်ခံနေပြီး၊ ၂၀၁၃ဇန်နဝါရီလမှ ဧပြီလအထိနိုင်ငံ ခြား ၈၉၀၁၉ ဦး လာရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၈၈၁၇၈ သိန်း ကောက်ခံရရှိသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားသား ၁၈၇၇၉၆ ဦး လာရောက်ခဲ့ပြီး ကောက်ခံရရှိငွေ ၁၈၇၇၂၂၅ အမေရိကန်ဒေါ်လာ ရရှိခဲ့ကြောင်း ပုဂံရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။