မီဒီယာဥပဒေအား လွှတ်တော် ပြန်စချိန် တင်ပြမည်

မီဒီယာဥပဒေအား လွှတ်တော် ပြန်စချိန် တင်ပြမည်
by -
မဇ္စျိမ

မီဒီယာ ဥပဒေမူကြမ်း အပြီးသတ်အား သင်္ကြန်အပြီး လွှတ်တော် ပြန်စချိန်တွင် ပြည်သူ့လွှတ်တော် သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က မဇ္စျိမသို့ ပြောသည်။

အဆိုပါ မီဒီယာ ဥပဒေ မူကြမ်းအား သင်္ကြန်ကာလ မရောက်ခင် အချိန်လာမည့် မတ်လ ၂၄ ရက်နေ့တွင် အချောသတ် ရေးဆွဲမည် ဖြစ်ကြောင်း “သင်္ကြန်မတိုင်ခင် ပြီးမယ်။ သင်္ကြန်အပြီး လွတ်တော်ပြန်စတဲ့ အချိန်မှာ တင်နိုင်ဖို ့ လုပ်နေတယ်။” ပာု ဦးကျော်မင်းဆွေ က ဆိုသည်။

အဆိုပါ အချောသတ် ထွက်ရှိလာမည့် မီဒီယာ ဥပဒေကြမ်းသည်် မီဒီယာသမားများ၏ အခွင့်အရေးနှင့် တာဝန် သိမှုများအား ပါ၀င်ရန် ထည့်သွင်းဖော်ပြ ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးကျော်မင်းဆွေ က “ဥပဒေဆို ကာကွယ်ပေးဖို ့ တစ်ခုထဲ မပာုတ်ဘူး။ တာဝန်ရယ် အခွင့်အရေးရယ် နှစ်ခုတွဲ ပါတာပေါ ့။ ဒီသဘောတော့ နားလည်ဖို ့ လိုပါတယ်။ သတင်းသမားတွေအတွက် တာဝန်ပေးဖို ့လည်းပါတယ်။ တာဝန်ထမ်းဖို ့လည်း ပါတယ်။ ချိုးဖောက်ရင်ပြစ်မှု ပြစ်ဒဏ်တွေလည်း ပါကောင်းပါမယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါ ဥပဒေမူကြမ်းအား လွှတ်တော်ရေးရာ တာဝန်ရှိသူများ၊ ဥပဒေ အရာရှိများနှင့် တိုင်ပင်ပြီးမှသာ ယခုကဲ့သို့ အချောသတ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ဥပဒေ မူကြမ်း အခန်းတိုင်းတွင် ဝေါဟာရများ၊ စကားလုံးများအား ပြင်ဆင်မှု ပြုလုပ်ထားကြောင်း ဆက်လက် ပြောဆိုသည်။

မီဒီယာ ဥပဒေမူကြမ်း လွှတ်တော်သို့ တင်မည့် အချိန်နှင့် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခြင်းမှာ နီးကပ်နေပြီး မီဒီယာ ဥပဒေ ဦးစွာထွက်ရှိပြီးမှ သတင်းစာ ထုတ်ဝေခြင်းမှာ ပိုမိုကောင်းမွန်မည် ထင်ကြောင်း မက်စင်ဂျာ (Messenger ) ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုအောင်ပေါ်ထွန်းက မဇ္စျိမသို့ ပြောသည်။

ကိုအောင်ပေါ်ထွန်းက “သတင်းစာ ထုတ်မဲ့သူတွေအနေနဲ့လည်း မီဒီယာလောက သတင်းစာထုတ်ဝေခွင့်ကို ဘယ်လောက်အထိ အထောက်အကူ ဖြစ်နိုင်မလဲ။ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လည်း ဆိုတာကို စောင့်ကြည့်ရမယ် ထင်တယ်” ဟု ဆိုသည်။

Most read this week