ဆီတင်သင်္ဘော ပေါက်ကွဲမှု အနည်းဆုံုး တစ်ဦးသေ

ဆီတင်သင်္ဘော ပေါက်ကွဲမှု အနည်းဆုံုး တစ်ဦးသေ
by -
မဇ္ဈိမ

ရန်ကုုန်မြို့ လှိုင်မြစ်အတွင်း ဆီတင်သင်္ဘော ပေါက်ကွဲ မီးလောင်မှုကြောင့် အနည်းဆုံုး လူတစ်ဦးသေဆုံုးပြီး နှစ်ဦးပျောက်ဆုံုးနေဆဲဖြစ်သည်ဟုု ကယ်ဆယ်ရေးများက ပြောသည်။

ဆီတင်တွဲပေါက်ကွဲမီးလောင်မှုတွင် သေဆုံုးသွားသော သင်္ဘောသားတစ်ဦး၏ ရုုပ်အလောင်းကိုု ကြက်ခြေနီတပ်ဖွဲ့ဝင်များက သယ်ဆောင်သွားကြသည်ကိုု တနင်္လာနေ့ ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၁၃ ခုုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံု- ဖိုုးစိုုးသူ)

ချိတ်တွဲခုုတ်မောင်းနေသော သင်္ဘောတွဲ ရှေ့ဆုံုးရှိ ဆီတင်သင်္ဘောတွင် ညနေ ငါးနာရီ အချိန်ခန့်က ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟုု မျက်မြင်သက်သေများက မဇ္ဈိမကိုုပြောသည်။

”အောင်သုုခဧရာ” တွဲသင်္ဘောများမှာ  မီးလောင်မှုဖြစ်ပွားနေစဉ် ရေစုုန် ဖြင့် ပြန်လည်မျောပါ လာရာနာရီဝက် ခန့် အကြာ မီးငြိမ်းသတ်နိုုင်မှုအပြီး ကမ်းနားသိုု့ပင် ပြန်ရောက်လာခဲ့သည်။

သင်္ဘောစက်ခန်းထဲတွင် သေဆုံုးနေသော လူလတ်ပိုုင်းအရွယ် အလောင်းတစ်လောင်းကိုု ရန်ကုုန်ဆေးရုံုကြီး သိုု့ သယ်ဆောင်သွားပြီးဖြစ်သည်။ ကယ်ဆယ်ရေးများအဆိုုအရ လူနှစ်ဦး ပျောက်ဆုံုးနေဆဲဟုု သိရသည်။

မီးလောင်ခုုိက် ရန်ကုုန်တုုိင်း နေရာအနှံ့အပြားမှ မီးသတ်ကားများ ရောက်ရှိခဲ့သော်လည်း လမ်းပိတ်ဆိုု့မှုက ကြီးမားသော အနှောက်အယှက် ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် သင်္ဘောပါ မီးသတ်ဆေးဗူး၊ ရေစုုတ်စက်များ အသုံုးပြု မီးငြိမ်းသတ်ခဲ့ရသလိုု မီးသတ်ကားများပါ ပိုုက်များကိုု ဆက်ကာ မီးငြိမ်းသတ်ရာတွင် ကူခဲ့ရသည်။

မီးလောင်သော သင်္ဘောကိုု ရပ်နားထားသည်မှာ ငါးရက်ခန့်ရှိပြီး ဆီဖြည့်အပြီး ခုုတ်မောင်းသွားခိုုက် ပေါက်ကွဲ
မှုဖြစ်ပွားခြင်းဖြစ်သည်။
 
မီးလောင်ရာသိုု့ အနီးအနား ရပ်ကွက်များအပါအဝင် လူပေါင်း ထောင်နှင့်ချီလာရောက်ကြည့်ရှုခဲ့ရာ ယခုုသတင်းပေးပုုိ့ချိန်အထိ လမ်းပိတ်ဆိုု့မှု ဖြစ်နေဆဲဟု သိရသည်။

မီးသတ်နှင့် ကြက်ခြေနီ အဖွဲ့များက မီးလောင်မှုဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်၍ မသိရသေးကြောင်းနှင့် မနက်ဖြန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားမည်ဖြစ်ကြောင်း ဆိုသည်။