မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ အလွန်အမင်းချိုးဖောက်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်ဝမ်း နည်းဖွယ်ကောင်းကြောင်း ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ပြောကြားလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရခေါင်းဆောင်များနှင့် ဒီမိုကရေစီလိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံလိုကြောင်း ပြောကြားလိုက်သည်။
"ဟုတ်ပါတယ် ဒါဟာသိပ်ကိုဝမ်းနည်းစရာပါ။" ဒါပေမဲ့မြန်မာအစိုးရနဲ့ ကျုပ်ကြားမှာ ဘာဆက်သွယ်ရေး လမ်းကြောင်းမှ ဖွင့်ထားတာမရှိဘူး။ ကျုပ်က ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်နေတာတောင် ဂျပန်ကလွဲပြီး ဗုဒ္ဓဘာသာဝင်နိုင်ငံ အနည်းငယ်လောက်ကသာ ကျုပ်ကိုဘုရားဖူးဝင်ခွင့် ပေးကြတာ။" ဟု Payul.com ၀က်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က ဖော်ပြထားသည်။
"တကယ်တော့ ကျုပ်ဟာ ဗုဒ္ဓဘာသာဝင် နိုင်ငံအနည်းငယ်ထက်၊ ဂျော်ဒန်လို အစ္စလမ်ဘာသာဝင်နိုင်ငံ ဒါမှမဟုတ် ခရစ်ယာန်ဘာသာဝင်နိုင်ငံတွေကို ပိုပြီး လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်။ မြန်မာနိုင်ငံကို သွားဖို့အနေအထားကလည်း အဲဒီလိုပါပဲ။" ဟု၎င်းကပြောကြားသည်။
ဒလိုင်လားမားက အကြမ်းမဖက်ရေးဝါဒမှာ အရေးကြီးကြောင်း နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့ကြောင်း သို့ရာတွင် မည်သည့်တုန့်ပြန်မှုမှ မရခဲ့ကြောင်း ၎င်းကပြောကြားသည်။ ထိုနိုဘယ်ဆုရှင် နှစ်ဦးသည် လန်ဒန်တွင်
ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
"အလားတူပဲ ဒေလီမှာရှိတဲ့ ကျုပ်ကိုယ်စားလှယ်ကိုလည်း အဲဒီကမြန်မာသံရုံးကို ဆက်သွယ်ဖို့ ပြောခဲ့တယ်။ ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ ဘာပြန်ကြားချက်မှမရခဲ့ဘူး။ ဒါကြောင့် ကျုပ်ဆုတောင်းရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး။" ဟု တိဗက်ဘာသာရေးခေါင်းဆောင်က ပြောကြားသည်။ တကယ်လို့သာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေက အစ္စလမ်ဘာ သာဝင်တွေကို နှိပ်စက်တဲ့အထဲမှာ ပါ၀င်ပတ်သက်တယ်ဆိုတဲ့ စွတ်စွဲချက်တွေသာ အမှန်ဆိုရင်တော့ ဒါဟာ လုံးဝကိုမှားတာပဲ။" ဟု ၎င်းကပြောကြားသည်။
"သက်ရှိလူသားတိုင်းမှာ ပျော်ရွှင်ခွင့်ရှိတယ်ဆိုတာ ကျုပ်တို့သဘောပေါက်သွားတာနဲ့ တစ်ပြိုင်နက် ပိုကောင်း
သွားပါတယ်။" ဟု ၎င်းကပြောကြားပြီး တင်းတိမ်ရောင့်ရဲသည့် လူသားများဖြစ်ရေးအတွက် ယုံကြည်မှုနှင့် ခင်မင်းရင်းနှီးမှုမှာ မရှိမဖြစ်လိုအပ်ကြောင်း ထိုအသက် ရ၇ နှစ်အရွယ် တိဘက်ဘာသာရေးခေါင်းဆောင်က
ပြောကြားသည်။
"အခြားသူရဲ့ ကိုယ်ကျိုးကိုထည့်သွင်းစဉ်းစားခြင်းဟာ သူ့ကိုသာ အကူအညီပေးတာမဟုတ်ပဲ ကျုပ်တို့ကိုပါ အထောက်အကူဖြစ်စေပါတယ်။ အခြားသူတွေအပေါ် နွေးထွေးတဲ့နှလုံးသားနဲ့ စိုးရိမ်ပူပန်ပေးခြင်းဟာ
သက်ရှိလူသားတွေရဲ့ သဘောသဘာဝဖြစ်ပြီး အပြုသဘောဆောင်တဲ့ လူသားတွေရဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။" ဟု၎င်းကပြောကြားသည်။
၂၀ ရာစုနှစ်ကိုသွေးချောင်းစီးသည့် ကာလအဖြစ် ရည်ညွှန်းပြောဆိုကာ ဒလိုင်လားမားက ပြဿနာများနှင့် ပဋိပက္ခများအားလုံးကို ငြိမ်းချမ်းစွာ တိုင်ပင်ညှိနှိုင်းသည့်နည်းဖြင့် ဖြေရှင်းသင့်ကြောင်း ပြောကြားလိုက်သည်။
"အကြမ်းမဖက်ခြင်းဟာ အပျက်သဘောဆန်စွာ တရားမမျှတခြင်းကို ကျုပ်တို့ လက်ခံတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တရားမျှတမှု မရှိတာကို ကျွန်တော်တို့ ဆန့်ကျင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလို မလုပ်တာက အကြမ်းဖက်မှုပုံစံတစ်ခု ဖြစ်လို့ပါပဲ။ ဂန္ဓီဟာ အကြမ်းမဖက်တဲ့ ၀ါဒကိုကျင့်သုံးခဲ့တယ်။ ဒါဟာသူက ပိုနေမြဲကျားနေမြဲ အခြေအနေကို ကျေနပ်ရောင့်ရဲစွာ လက်ခံ တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဟာ ခုခံတော်လှန် တယ်။ ဒါပေမဲ့သူတစ်ပါးကို ထိခိုက်အောင် မလုပ်ဘဲနဲ့ ဒါကိုလုပ်ခဲ့တာဖြစ်တယ်။" ဟု
ထိုတိဗက်ဘာသာရေး ခေါင်းဆောင်က ပြောကြားခဲ့သည်။