NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ

NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ
by -
မဇ္ဈိမ

တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာသော်လည်း ပါတီဝင်စုဆောင်းရေး လုပ်ငန်းစဉ်တွင် နှောင့်နှေးမှုများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ထောက်ခံအားပေးသည့် လူထုပရိတ်သတ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ မဇ္စျိမ)ယခုနှစ်ဆန်းပိုင်းမှ စ၍ ပါတီဝင်လျှောက်လွှာပေါင်း ၅ သိန်းကျော် ရောင်းချထားရသော်လည်း တကယ်တမ်း ပါတီဝင် လျှောက်လွှာ ၅ သောင်းခန့်သာ လက်ခံရရှိထားကြောင်း၊ ထို့ကြောင့် နိုင်ငံတဝှမ်းရှိ အဖွဲ့ချုပ်ရုံးများ
အနေဖြင့် ပါတီဝင် လျှောက်လွှာများ မြန်မြန် ပြန်ပို့ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ပါတီပြော ခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင် က မဇ္စျိမကို ပြောသည်။

“အောင်နိုင်ရေးကိစ္စပဲ ဇောင်းပေးပြီးလုပ်နေတယ်။ ‘အောင်နိုင်ရေး’ မရှိတဲ့ မြို့နယ်တွေကလည်း လျှောက် လွာဖြန့်တဲ့ အလုပ်ကို အေးတိအေးစက် လုပ်နေတော့ ပြန်ရောက်လာမယ့် အချိန် နှောင့်နှေးနေတာပေါ့။ ဒါကြောင့် ဒီနေ့ အဖွဲ့ချုပ်က လျှောက်လွာတွေကို မြန်မြန်ပို့ကြပါလို့ ညွန်ကြားချက် ထပ်ပြီးထုတ်ထားပါ တယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ပါတီဝင်လျှောက်လွှာ ၁ သန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ စတင် ဖြန့်ဝေရောင်းချခဲ့ရာ ယခုအထိ လျှောက်လွာ ၅ သိန်းကျော် ရောင်းပြီးဖြစ်သော်လည်း ပါတီဌာနချုပ်မှ ပါတီဝင်အဖြစ် လက်ခံရရှိသော လျှောက်လွှာပေါင်း ၅ သောင်းကျော်သာ ရရှိသေးသဖြင့် ၁ဝ ပုံ ၁ ပုံသာ ရရှိထားခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကို NLD ပါတီက ပါတီဝင်အဖြစ် မကြာမီက လက်ခံခဲ့သည်။ သို့သော် ၎င်းကဲ့သို့ လူသိရှင်ကြား ပါတီ ဝင်ရန် လျှောက်ထားသည့် လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကိုမူ တရားဝင် အကြောင်းပြန်ခြင်း မရှိသေးပေ။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဘဆွေသည်လည်း ဇန်နဝါရီလက မိမိ၏ ပါတီမှ နုတ်ထွက်၍ NLD ပါတီဝင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က လျှောက်ထားခဲ့ရာ လက်ခံရေး၊ လက်မခံရေးကို စဉ်းစားနေဆဲ ဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ထို့အပြင် လာမည့် မတ်လ ၈ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၈ ဦးနှင့်အောင်နိုင်ရေး တာဝန်ခံများ ဗဟိုဌာနချုပ်တွင် အစည်းအဝေး ကျင်းပရန် ရှိကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းများ သုံးစွဲမည့် မဲဆွယ်စည်းရုံးရေး အသုံးစာရိတ်များ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ပါတီစည်းရုံးရေးနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည် ၏ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ အအောင်မြင်ဆုံး ဖြစ်သည်ဟု တနလာင်္နေ့က ကျင်းပသည့် ဗဟိုကော်မတီ ပုံမှန် စည်းဝေးတွင် သုံးသပ်ခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“အရမ်းအောင်မြင်ပါတယ်။ မျှော်လင့်ထားတာထက်ကို အောင်မြင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက် လို့ တွေ့ဆုံခွင့်ရလို့ စိတ်ကြည်နူးရတယ်။ အရမ်းအားရပါတယ်။ ထားဝယ်၊ မြောင်းမြ၊ ပုသိမ်ခရီးတွေလည်း ကောင်းပါ တယ်။ ဒါပေမယ့် ကချင်ခရီးစဉ်ကတော့ ထိပ်ဆုံးပဲလို့ ကျနော်တို့ သုံးသပ်ကြပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။