ပဲကုန်သည်အသင်း ပဲဖိုးလိမ်ခံရသူများ စာရင်းကောက်

ပဲကုန်သည်အသင်း ပဲဖိုးလိမ်ခံရသူများ စာရင်းကောက်
by -
သဲသဲ

စိန်နန်းထိုက် ပဲရောင်းဝယ်ရေး ကုမ္ပဏီက ကျပ်သိန်း ပေါင်း ငါးသောင်းကျော် တန်ဖိုးရှိ ပဲဖိုးငွေများကို ကြိုယူပြီး  ထွက်ပြေး တိမ်းရှောင်နေသည်ဆိုသော စွပ်စွဲမှုထွက်ပေါ် ခဲ့ပြီးနောက် ငွေဆုံးရှုံးသူများ၏ စာရင်းကို ကောက်ယူနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းကပြောသည်။

နယူဒေလီ(မဇ္စျိမ) ။        ။ စိန်နန်းထိုက် ပဲရောင်းဝယ်ရေး ကုမ္ပဏီက ကျပ်သိန်းပေါင်း ငါးသောင်းကျော် တန်ဖိုးရှိ ပဲဖိုးငွေများကို ကြိုယူပြီး  ထွက်ပြေးတိမ်းရှောင်နေသည်ဆိုသော စွပ်စွဲမှုထွက်ပေါ်ခဲ့ပြီးနောက် ငွေဆုံးရှုံးသူများ၏ စာရင်းကို ကောက်ယူနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းကပြောသည်။

“စာရင်းစုံသွားရင် အဲဒီထက်ပိုလာနိုင်တယ်။ ပြည်ပပို့တဲ့ exporter တွေထဲက ငါးဦးလောက်ပါတယ်။ ပြည်တွင်း ဝယ်ရောင်းတွေ များတယ်။ တောကုန်သည်တွေလည်း ပါတယ်။” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ တွဲဘက် အတွင်းရေးမှူး  ဦးသောင်းဟန်က မဇ္စျိမကိုပြောသည်။
umfcci
လတ်တလော ကောက်ယူထားသည့်စာရင်းများအရ စိန်နန်းထိုက် ကုမ္ပဏီပိုင်ရှင် ဦးဇော်ငယ်က ရန်ကုန်မြို့ရှိ ပဲကုန်သည်များထံကျပ် သိန်းပေါင်း သုံးသောင်းကျော်နှင့် နယ်ကုန်သည်များထံမှ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ခန့်ပေးချေရန် ရှိသည်ဟုဆိုသည်။ မတ်ပဲကို အဓိက အရောင်းအဝယ် ပြုလုပ်သည့် စိန်နန်းထိုက် ကုမ္ပဏီထံမှငွေရရန်ရှိသည့် ကုန်သည်များမှာ ရန်ကုန်မှ ၁၅ ဦးခန့်ရှိပြီး စုစုပေါင်း ၃၀ကျော် မည်ဟု ခန့်မှန်းထားသည်။

ငွေများကိုမပေးဘဲ တိမ်းရှောင်နေသော ဝယ်လက်ကြီးသမား သုံးဦးကို ဖမ်းဆီးစစ်ဆေးခဲဲ့့ပြီး အမှုပေါင်း ၄ဝ ခန့်ကို မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI က ကြားဝင် ဖြေရှင်း ပဲဖိုးငွေ သိန်းပေါင်း ငါးသောင်းကျော် ပေးချေရန်ရှိနေသည်ဟုဆိုသော ဦးဇော်ငယ်မှာ ကုမ္ပဏီရုံးခန်းနှင့် ဂိုဒေါင်များ ပိတ်ထားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေတွင် ထိုင်းနိုင်ငံသို့  လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း စုံစမ်းသိရ သည်ဟု ပဲကုန်သည်အသင်းက ဆိုသည်။

ဦးဇော်ငယ် အမည်ဖြင့် ကုန်ထုတ်ပြေစာ (DeliveryOrder)များအား ထပ်ဆင့် လက်လွှဲရောင်းချမှု မပြုရန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲကုန်သည်အသင်းက သတိပေးထားသည်ဟုဆိုသည်။

ငွေကြေးဆုံးရှုံး နစ်နာသူများထဲမှအချို့က သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တိုင်တန်းထားပြီး “လေလံ ပစ်စရာတောင် ဘာမှမကျန်ခဲ့ဘူး။အကုန် လက်စဖြတ်သွားတယ်။” ဟု ဦးသောင်းဟန်က ပြောသည်။

“အဲနေ့ မနက် ပစ္စည်းသွားသယ်တဲ့လူက သယ်လို့ မရဘူးဆိုတော့ အဲဒီမှာ သတင်းက ပြန့်သွားတာ။ သူ့ဖုန်းတွေ ဆက်တော့လည်း ဆက်သွယ်လို့ မရတော့ဘူး။ သူက ပစ္စည်းရောင်းမယ်ဆိုပြီး ငွေတော့ သိမ်းသွားတယ်။ ဒါပေမယ့် ပစ္စည်းက မရှိတော့တာပေါ့။”ဟု ဘုရင့်နောင် ပွဲရုံတန်းရှိ ပဲကုန်သည်တဦးက ပြောသည်။

၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ပဲလောက၌ ကြိုပွိုင့်ဟု ခေါ်သည့်  ငွေမချေပဲ နှုတ်ဖြင့် အပြန်အလှန် အရောင်းအဝယ်ပြုလုပ်ခဲ့ရာ နိုင်ငံခြားသို့ တင်ပို့ချိန်တွင် ပဲစျေး ထိုးကျသဖြင့် ကျပ်ငွေ သိန်းထောင်ချီ၍ ငွေကွာဟမှုများ ပေါ်ပေါက်ခဲ့ပြီး အမှု တိုင်းတန်းမှု၊ ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပွားခဲ့သည်။

ငွေများကိုမပေးဘဲ တိမ်းရှောင်နေသော ဝယ်လက်ကြီးသမား သုံးဦးကို အထူးစုံစမ်းစစ်ဆေးရေးသို့ တိုင်ကြားသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့မှုများ ရှိခဲ့ပြီး အမှုပေါင်း ၄ဝ ခန့်ကို မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များ အသင်း UMFCCI က ကြားဝင် ဖြေရှင်းခဲ့သည်။

ထို့နောက်၂ဝ၁ဝ ခုနှစ် ဇူလိုင်လမှ စတင်ကာ ပဲလောကတွင် ကြိုပွိုင့်စနစ်ဖြင့် အရောင်းအဝယ် မလုပ်ရန် ပဲကုန်သည် အသင်းက တားမြစ်ခဲ့သည်။ ယခုထပ်မံဖြစ်ပွားသည့် ပဲကုန်သည်များနှင့် စိန်နန်းထိုက်ကုမ္ပဏီ ပြသနာမှာ ယုံကြည်မှုဖြင့် ငွေကြိုတင်ပေးချေခဲ့သည်ကို အလွဲသုံးစား ပြုခြင်းဖြစ်ပြီး ကြိုပွိုင့်စနစ်ဖြင့် ရောင်းဝယ်မှုကြောင့် မဟုတ်ဟု ဆိုသည်။

ယင်းဖြစ်ရပ်ကြောင့် ပဲရောင်းဝယ်မှု အနည်းငယ် ရိုက်ခတ်ခဲ့ပြီး မတ်ပဲ တတန်လျှင် ကျပ် လေးသိန်းခွဲ ပေါက်စျေး ရှိကာ ပြည်ပတင်ပို့မှု အေးနေသည်ဟု ပဲကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံမှ  မတ်ပဲ၊ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့ကို အိန္ဒိယက အများဆုံးဝယ်ယူပြီး ပဲတင်ပို့သည့် ကုမ္ပဏီ ၃၀၀ ခန့်ရှိ သည်။ ပဲကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ ၂၀၀၉ ခုနှစ် ဧပြီလမှ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ အတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့်၊ ပဲစဉ်းငုံသုံးမျိုးအား ပြည်ပတင်ပို့မှုဖြင့် အမေရိကန်ဒေါ်လာ ၅၁၅ သန်း ရရှိခဲ့သည်။

Most read this week