တိုင်းရင်းသား ဒေသနှင့် နိုင်ငံရေး အကျဉ်းသားအရေး ပါတီဟောင်း ၈ ခုတောင်းဆို

တိုင်းရင်းသား ဒေသနှင့် နိုင်ငံရေး အကျဉ်းသားအရေး ပါတီဟောင်း ၈ ခုတောင်းဆို
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။      ။ ၁၉၉ဝ ခုနှစ်ရွေးကောက် ပွဲဝင် တိုင်းရင်းသား ပါတီ ၈ ခုက စစ်ဖြစ်နေသော တိုင်းရင်းသားဒေသများတွင် လူအခွင့်အရေးချိုး ဖောက်ခံရမှု အခြေအနေများနှင့် နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးတို့ ပါဝင်သည့်တောင်းဆို ချက် ၄ ချက်ပါ ပေးစာကိုမြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စတာ ကွင်တားနားထံတင်ပြတောင်းဆိုလိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဂျင်တီးနား နိုင်ငံသား ရှေ့နေ မစ္စတာကွင်တားနားတို့ ဗုဒ္ဓဟူးနေ့တွေ့ဆုံချိန် တွင်ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် တင်ပြပေးပါရန် တိုင်းရင်းသားပါတီများက မေတ္တာရပ်ခံစာရေးသား ပေးပို့ ခဲ့ခြင်းဖြစ်သည်။
Ojknmetdassk1
ကွင်တားနားသို့ စာရေးသား တင်ပြသည့် ၁၉၉ဝ ရွေးကောက်ပွဲဝင် ပါတီများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့(MNDF)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ဇိုမီးအမျိုးသား ကွန်ဂရက်(ZNC)၊ ကရင် အမျိုးသား  ဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်(UNLD)၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့(DOKNU) တို့ ဖြစ်ကြသည်။

မစ္စတာ ကွင်တားနားသို့ လိပ်မူကာ သြဂုတ်လ ၂ဝ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည့်စာတွင် “စစ်ဖြစ်ရာ တိုင်းရင်းသားဒေသများ၌ ဆယ်ကျော်သက်တွေ အပါအဝင် အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံနေရပြီး ရွာများ မီးရှို့ဖျက်ဆီးမှု၊ ရွာသားများပိုင် ပစ္စည်းများကို လုယူမှု၊   အဓမ္မ အသိမ်းခံရမှုများရင်ဆိုင်ကြံုတွေ့နေရ သည်” ဟု လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တင်ပြထားသည်။

ကျေးရွာသားများကို ပေါ်တာအဖြစ် အသုံးပြုကာ လူမဆန်သော ခိုင်းစေမှုများကို မြန်မာစစ်တပ်က ပြုလုပ်နေသည် ဟုလည်း ဆိုထားသည်။

“တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေကို လူ့အခွင့်အရေး ကောင်စီက အဖွဲ့အစည်းတွေ အနေနဲ့သေချာလာပြီး လေ့လာဆောင်ရွက်သင့်ပါတယ်” ဟု ZNC ပါတီဥက္ကဋ္ဌ ပူးကျင်ရှင့်ထန်က ပြောသည်။

နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများပပျောက် ရန် သုံးပွင့်ဆိုင် ဆွေးနွေးရေးတို့ အမြန်ဆုံး လုပ်ဆောင်ရန်လည်း ပြောသည်။

“တကယ် စိတ်စေတနာ မှန်နဲ့သာဆိုရင် နိုင်ငံခြား ရောက်နေတဲ့ သူတွေကိုတောင် ပြန်ခေါ်နေသေးတာ၊ နိုင်ငံရေး အယူအဆ မတူလို့ အပြစ်မရှိဘဲ ထောင်ချထားတဲ့ သူတွေကို အရင်ဆုံး လွှတ်ပေးပြီး နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပူးကျင့်ရှင်းထန်က ပြောသည်။

ထို့ပြင် ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရသော်လည်း ရလာဒ်အပေါ် အသိအမှတ် မပြုခံရသော NLD ပါတီအပါအဝင် တိုင်းရင်းသား ပါတီများကို တရားဝင် နိုင်ငံရေးပါတီများအဖြစ် သတ်မှတ်ရန်လည်း စာတွင်
ရေးသားထားသည််။

အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်ရန် ဒေါ်အောင်ဆန်းစုကြည်၊  သက်ဆိုင်ရာ နိုင်ငံရေးပါတီ အားလုံးနှင့် တိုင်းရင်းသား အဖွဲ့များ အားလုံးပါဝင်သော စစ်မှန်သည့် တွေ့ဆုံဆွေးနွေး ရေးအတွက် ကုလသမဂ္ဂ၏ အားပေး ကူညီမှုဖြင့် မြန်မာအစိုးရမှ ဆောင်ရွက်ပေးရန်လည်း ပါတီ ၈ ခုက လိုလားသည်ဟု ဆိုသည်။

မစ္စတာ ကွင်တားနား အနေဖြင့် ထိုတောင်းဆိုချက်များကို သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံ တင်ပြပေးစေလိုကြောင်း ရေးသားထားသည်။ 

“သမ္မတ ဦးသိန်းစိန်ပြောသွားတဲ့ မိန့်ခွန်းတွေထဲမှာ အခုချိန်ထိ နိုင်ငံရေး အကျဉ်းသားကိစ္စတစွန်းတစ တောင် ပါလာတာ မတွေ့ရသေးတော့ မျှော်သာမျှော်နေရတာ ထထိတ်ထိတ်နဲ့” ဟု ၈၈မျိုးဆက်ကျောင်း သား ကိုပဏ္ဍိတ်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်ညွန့်ညွန့်ဦး ကပြောသည်။

နှစ်ရှည် ထောင်ဒဏ်ချမှတ်ထားသော ရှမ်းခေါင်းဆောင်များဖြစ်ကြသည့် ဦးခွန်ထွန်းဦး၊ဗိုလ်ချုပ်ဆေထင် ကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင်နိုင်ငံရေး အကျဉ်းသား၁,၉၉၅ ဦး  အကျဉ်းကျခံနေရဆဲဖြစ်သည်။