ရန်ကုန်တိုင်း စစ်တိုင်းမှူးကို ရာထူးမှ ဖယ်ရှားဟုဆို

ရန်ကုန်တိုင်း စစ်တိုင်းမှူးကို ရာထူးမှ ဖယ်ရှားဟုဆို
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းကို ဇူလိုင် ၅ ရက်တွင်တိုင်းမှူး တာဝန်မှ ဖြုတ်ကာ အနားယူစေခဲ့ကြောင်းကာကွယ် ရေးဝန်ကြီးဌာန သတင်း ရပ်ကွက်တခုကပြော သည်။

ပုံမှန်အားဖြင့် အမြဲတမ်းဗိုလ်ချုပ်ရာထူးသို့တက်မည့် တလအလို၌ အဖြုတ်ခံရခြင်းလည်း ဖြစ်သည်။ တိုင်းမှူးအဖြစ် ထမ်းဆောင်စဉ်က အစမ်းခန့်ဗိုလ်ချုပ်အဖြစ် လစာခံစားမှုကို ဗိုလ်ချုပ်လစာဖြင့် ရရှိနေခဲ့သည်။

တိုင်းမှူးအဖြစ် တာဝန်ယူစဉ် ကာလအတွင်း “ လယ်ယာမြေအချို့ကို အိမ်ယာမြေအဖြစ် အခကြေးငွေ ယူကာ”  ပြောင်းလဲပေးလိုက်သဖြင့် ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းပေးသူက ပြောသည်။ သီးခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိပါ။

thantunရာထူးဖယ်ရှားခံရခြင်း မတိုင်မီက ကာကွယ်ရေးဝန်ကြီး ဌာနကသူ့ကို တောင်ငူသို့ စေလွှတ်ကာ ခေတ္တ တာဝန်ပေး ခံရသေးသည်။

ယခုအခါ ရန်ကုန်တိုင်း စစ်တိုင်းမှူးအဖြစ် ယခင် အရှေ့ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်စန်းဦးကို  လွှဲပြောင်း ပေးအပ်ထားသည် ဟုလည်း သတင်းရပ်ကွက်က ပြောသည်။

၂ဝ၁ဝ သြဂုတ် ၂၈ ရက်တွင် စစ်တိုင်းမှူးအဖြစ် တပြိုင် တည်း တာဝန်ပေးခံရသော တိုင်းမှူးများအထဲမှ နေရာ အပြောင်းအရွှေ့များလည်း ရှိနေရာ တောင်ပိုင်းတိုင်း၊ အရှေ့တောင်တိုင်း၊ အနောက်တောင်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း တိုင်းမှူးများလည်း ပါဝင်သည်ဟု သတင်းရပ်ကွက်က ပြောသည်။

လာမည့် သြဂုတ်လတွင် လက်ရှိ အစမ်းခန့် ဗိုလ်ချုပ်များဖြစ်သော စစ်တိုင်းမှူးများသည် အမြဲတမ်း ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံရမှာဖြစ်သည်။

ဗိုလ်ချုပ်အဆင့် အရာရှိတဦး၏ လစာမှာ ကျပ် ၄ သိန်းဖြစ်ပြီး၊ ဗိုလ်မှူးချုပ်တဦး၏ လစာမှာ ကျပ် ၃ သိန်း ဖြစ်သည်။