ဒန်ကလေ အမှု ဧပြီ ၂၇ ရုံုးချိန်း

ဒန်ကလေ အမှု ဧပြီ ၂၇ ရုံုးချိန်း
by -
မျိုးသန့်

ချင်းမိုင်(မဇ္စျိမ) ။     ။ တရားလိုပြ သက်သေများ လာရောက်ခြင်း မရှိသည့်နောက် မြန်မာတိုင်းမ် ဂျာနယ် အယ်ဒီတာ ရော့စ်ဒန်ကလေ၏ အမှု ရုံးချိန်းကို ကမာရွတ်မြို့နယ် တရားရုံးက ဧပြီလ ၂၇ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်။

australian-journalist-dunkleyတနင်္လာနေ့ တရားခွင်သို့ တရားလိုဘက်မှ တင်ပြထားသော လူဝင်မှု ကြီးကြပ်ရေးဌာနမှ အရာရှိနှင့် တရားလို မခိုင်ဇာတို့ ရောက်ရှိလာခြင်း မရှိဘဲ နောက်ထပ်ရုံုးချိန်း ပေးလိုက်ခြင်း ဖြစ်သည်။

“အမှုချိန်း ကျနော်တို့ ၁၂ နာရီ သွားပါတယ်၊ ခဏနေတော့ ကျနော်တို့ တရားသူကြီးနဲ့ တရားခွင် ပုံစံမျိုးတော့ ကျနော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ၂၇ ရက်နေ့ မနက် ၁ဝ နာရီခွဲကို ထပ်ချိန်းပါတယ်” ဟု မြန်မာတိုင်းမ် ပြောရေးဆိုခွင့်ရှိသူ ဦးဝေလင်းက ပြောသည်။

မစ္စတာ ဒန်ကလေကို လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့် ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲဆိုထားသည်။