ဒန်ကလေအမှု ရက်ချိန်းထပ်ပေး

ဒန်ကလေအမှု ရက်ချိန်းထပ်ပေး
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာတိုင်းမ်ရှယ်ယာဝင် သတင်းစာဆရာ မစ္စတာ ဒန်ကလေ၏ အမှု ရုံးချိန်းကို တနင်္လာနေ့ ကမာရွတ်မြို့နယ် တရားရုံးက ဧပြီလ ၁၁ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်။

“ပြီးခဲ့တဲ့ ရုံးချိန်းက တင်ထားတဲ့ စွဲချက်တွေကို (တရားသူကြီး) ဖတ်ပြတယ်။ နောက်ပြီး ရုံးချိိန်းထပ်ပေး လိုက်တာပါပဲ။ ဒါပါပဲ၊ တခြား မရှိပါဘူး” ဟု မြန်မာတိုင်းမ် ပြောခွင့်ရ ဦးဝေလင်းက မဇ္စျိမကို ပြောပြသည်။ တရားလိုဘက်မှ ရှေ့နေများသာ လာရောက်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် သက်သေများကို စစ်ဆေးသွားမည်ဟု ဆိုသည်။
 
ဒန်ကလေနှင့်အတူ မြန်မာတိုင်းမ် တာဝန်ရှိသူအချို့နှင့် သြစတြေးလျ သံအရာရှိများ တရားရုံးသို့လာရောက်ခဲ့ သည်။
 
Dunkley3s

မတ်လ ၂၉ ရက်နေ့တွင် မြန်မာတိုင်းမ် CEO သစ် ဒေါက်တာတင်ထွန်းဦးနှင့် စီမံရေး မန်နေဂျာလည်းဖြစ်သူ ဦးဝေလင်းက တဦးလျှင် ကျပ်သိန်း ၅ဝ စီဖြင့် တရားရုံးတွင် မစ္စတာဒန်အတွက် အာမခံပေးခဲ့သည်။ ယခုအခါ မြန်မာတိုင်းမ် အင်္ဂလိပ်ပိုင်းတွင် အယ်ဒီတာအဖြစ် ပြန်လည် လုပ်ကိုင်နေသည်။
 
လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် သူ့ကို စွဲဆိုထားသည်

Most read this week