သင်္ကြန်မဏ္ဍပ်တွင် ဗုံးရှာကိရိယာ ထားရမည်

သင်္ကြန်မဏ္ဍပ်တွင် ဗုံးရှာကိရိယာ ထားရမည်
by -
မဇ္စျိမသတင်းဌာန

သင်္ကြန်မဏ္ဍပ်များတွင် ဗုံးရှာ ကိရိယာတခုစီ မဖြစ်မနေ ဝယ်ယူထားရှိရန် စစ်ဒေသ၏ အမိန့်အရ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကြာသပတေးနေ့တွင် ညွှန်ကြားခဲ့ ...

ရန်ကုန် (မဇ္ဈိမ)။     ။ သင်္ကြန်မဏ္ဍပ်များတွင် ဗုံးရှာ ကိရိယာတခုစီ မဖြစ်မနေ ဝယ်ယူထားရှိရန် စစ်ဒေသ၏ အမိန့်အရ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကြာသပတေးနေ့တွင် ညွှန်ကြားခဲ့သည်။

၂ဝ၁ဝ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန် ရေကစားမဏ္ဍပ်တခု၌ လူ ၁ဝ ဦး သေဆုံးကာ၊ ၁၇ဝ ကျော် ဒဏ်ရာရခဲ့သော  ဗုံး ၃ လုံး ပေါက်ကွဲခဲ့မှုမျိုး မဖြစ်စေရန် ဗုံးရှာကိရိယာ တပ်ဆင်စေရကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။

လာမည့် ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာရရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလအတွက် ရေကစားနှင့် အလှပြမဏ္ဍပ် ဆောက်လုပ်လိုသဖြင့် လျှောက်ထားသူများအတွက် လာမည့် သီတင်းပတ်အတွင်း ခွင့်ပြုချက် ချပေးသွားမည်ဟု ရန်ကုန် စည်ပင်သာယာ အရာထမ်းတဦးက ပြောသည်။

ရန်ကုန်ရှိ အဝေးပြေးယာဉ် ရပ်နားစခန်း ဂိတ်များ၌ ဗုံးရှာကိရိယာကို အသုံးပြုကာ ပါဆယ်ထုပ်များကို ရှာရန်အတွက် ဂိတ်တခုလျှင် မိုင်းရှာကိရိယာတခုစီ ထားရှိရန်လည်း အမှတ် ၁ စစ်ဒေသက ညွှန်ကြားခဲ့သေးသည်။

Most read this week