တီကျစ်မိုင်းကြောင့် လူ ၂ ထောင် အရေပြား ရောဂါဖြစ်

တီကျစ်မိုင်းကြောင့် လူ ၂ ထောင် အရေပြား ရောဂါဖြစ်
by -
ကျော်ခ

တီကျစ် ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းကြောင့် ရေနှင့် လေထု ညစ်ညမ်းမှုဖြစ်ကာ လူဦးရေ ၂,ဝဝဝ ခန့် အရေပြား ယားယံသည့် ဝေဒနာ ခံစားနေရကြောင်း ပအိုဝ်းလူငယ် အဖွဲ့နှစ်ခုက ထုတ်ပြန် ...

ချင်းမိုင် (မဇ္ဈိမ)။       ။ တီကျစ် ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းကြောင့် ရေနှင့် လေထု ညစ်ညမ်းမှုဖြစ်ကာ လူဦးရေ ၂,ဝဝဝ ခန့် အရေပြား ယားယံသည့် ဝေဒနာ ခံစားနေရကြောင်း ပအိုဝ်းလူငယ် အဖွဲ့နှစ်ခုက ထုတ်ပြန်သော အစီရင်ခံစာတစောင်က စွပ်စွဲလိုက်သည်။

ပအိုဝ်းလူငယ် အစည်းအရုံးထုတ် အစီရင်ခံစာ မျက်နှာဖုံးရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျောက်မီးသွေးစီမံကိန်းကြောင့် အနီးရှိ တီကျစ်နှင့် ဆည်ခေါင်းကျေးရွာများမှ ရွာခံလူ ၄,ဝ၈ဝ အနက် ထက်ဝက်ခန့် အရေပြားပေါ်တွင် အယားဖုများပေါက်သည့် ဝေဒနာ ခံစားနေရသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့စတင် ဖြန့်ချိသော “အဆိပ်သင့်တိမ်များ” အမည်ရှိ အစီရင်ခံစာတွင် ပါရှိသည်။

ဓာတ်ငွေ့့တွေ အနံ့့ဆိုးတွေရယ်၊ နောက် ကျောက်မီးသွေးတွင်းက စွန့့်ပစ်ထားတဲ့ အညစ်အကျေးတို့့ မြေဇာတို့့က ရွာထက်မြင့်နေတယ်။ အဲဒီကရတဲ့ အနံ့့တွေကြောင့် လူတွေ ကြာတော့ ဒီရောဂါလက္ခ္ခဏာတွေ ပေါ်လာတာ” ဟု စစ်အစိုးရ အတိုက်အခံ ပအိုဝ်းလူငယ်အစည်းအရုံး (ပီဝိုင်အို) အတွင်းရေးမှူး ခွန်ချန်ကီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။   

မြန်မာနိုင်ငံရှိ ကျောက်မီးသွေးတွင်း ၁၆ ခုအနက်မှ အပွင့်စနစ်ဖြင့် ထုတ်ယူရာတွင် အကြီးဆုံး တီကျစ် ကျောက်မီးသွေးတွင်းမှ နေ့စဉ်တန်ချိန် ၂,ဝဝဝ ခန့်ထွက်သည်။

အရေပြားယားယံသည့်ဝေဒနာ ခံစားနေရသည့် လူတယောက်အင်းလေးကန်မှ ၁၃ မိုင်အကွာတွင် တည်ရှိသော တီကျစ်စီမံကိန်းကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ၂ဝဝ၂ တွင် စတင်လည်ပတ်နေပြီး မြန်မာနိုင်ငံမှ ဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါး ကုမ္ပဏီများက ဖက်စပ်ဆောင်ရွက်ကြသည်။

ကျောက်မီးသွေးထုတ်လုပ်မှုမှ ပြာမှုန် နေ့စဉ် တန်ချိန် ၁ဝဝ အနည်းဆုံး ထွက်နေကာ ကျောက်မီးသွေးမိုင်းနှင့် လျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသော စွန့်ပစ်အညစ်အကြေးများ ဘီလူးချောင်းတွင်း စီးဝင်နေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

စီမံကိန်းအနီး ၅ မိုင်ဝန်းကျင်အတွင်း၌ ကျေးရွာ ၂၅ ရွာရှိကာ လူဦးရေ ၁၁,၅၉၂ ဦး နေထိုင်ကြပြီး ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ပီဝိုင်အိုက သတိပေးလိုက်သည်။

စီမံကိန်းစတင်စဉ်က အိမ်ခြေ ၂၄ လုံးရှိ တောင်ပို့လနှင့် လိုင်းခါးရွာတို့ကို ကုမ္ပဏီများနှင့် အာဏာပိုင်များက အဓမ္မ ရွှေ့ပြောင်းပစ်ခဲ့သည်။

ထို့နောက် စီမံကိန်း တိုးချဲ့လာခဲ့ပြီး ဒေသခံများ၏ လယ်ယာမြေများကိုပါ သိမ်းယူ လုပ်ကိုင်လာသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

အပွင့်စနစ်ဖြင့် ထုတ်ယူနေသည့် ကျောက်မီးသွေးတွင်းကျောက်မီးသွေးမိုင်းကြောင့် လေထု ညစ်ညမ်းမှု ဒဏ်ခံနေရသဖြင့် အရေပြားပေါ်တွင် ယားနာဖုများ ပေါက်သည့် ဝေဒနာခံစားနေရသည်ကို မိမိတို့ ကြားသိထားရကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဝင်းမြင့်က မဇ္ဈိမသို့တယ်လီဖုန်းမှ ပြောသည်။  

စီမံကိန်းနေရာများမှ စီးထွက်သည့် ညစ်ညမ်းရေများသည် တီကျစ်ချောင်းထဲမှနေ၍ အထက်ဘီလူးချောင်း၊ ထိုမှတဆင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ထိန်းသိမ်းရမည့် အမွေအနှစ် ဥယျာဉ်များ စာရင်းဝင်  မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးကန်ဖြစ်သည့် အင်းလေးကန်ထဲ စီးဝင်နေကြောင်း အစီရင်ခံစာက ဖေါ်ပြသည်။  

“အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဟာ ကျနော်တို့ အင်းပါတီရဲ့ ပထမ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ထိခိုက်လာမယ့် လုပ်ငန်းအားလုံးကို ကာကွယ်သွားမှာ ဖြစ်ပါ တယ်” ဟု ဦးဝင်းမြင့်က မဇ္စျိမကို ပြောသည်။  

ယင်းဒေသတွင် ပအိုဝ်း လူမျိုးများ အများဆုံးနေထိုင်ကြပြီး ရှမ်း၊ မြန်မာ၊ တောင်ရိုး လူမျိုးများလည်း နေထိုင်ကြကာ လူးဆန်၊ စပါး၊ လက်ဖက်၊ ဂေါ်ဖီ၊ ငရုတ်များ စိုက်ကာ အသက်မွေးကြသည်။

ပအိုဝ်း လူငယ် အစည်းအရုံးနှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက်တို့သည် ဖေဖော်ဝါရီလကတည်းက တီဂျစ် စီမံကိန်းကို စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။

Most read this week