ပျံကျစျေးသည်များ မြို့တော်ဝန်ကို စျေးနေရာတောင်း

ပျံကျစျေးသည်များ မြို့တော်ဝန်ကို စျေးနေရာတောင်း
by -
မဇ္ဈိမသတင်းဌာန

သီရိမင်္ဂလာစျေးမှ ပျံကျစျေးသည်များက ရန်ကုုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကိုု စျေးရောင်းစရာ နေရာ စီစဉ်ပေးရန် အသနားခံတောင်းဆိုုခဲ့ကြသော်လည်း လျစ်လျူရှုခံလိုုက်ရ ...

ရန်ကုုန် (မဇ္ဈိမ)။    ။ သီရိမင်္ဂလာစျေးမှ ပျံကျစျေးသည်များက ရန်ကုုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကိုု စျေးရောင်းစရာ နေရာ စီစဉ်ပေးရန် အသနားခံတောင်းဆိုုခဲ့ကြသော်လည်း လျစ်လျူရှုခံလိုုက်ရသည်။

ရန်ကုုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာစျေးသစ် ဆိုုင်းဘုုတ်တင်ဖွင့်ပွဲအပြီး လုုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုုပ်နေကြသည်ကိုု သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။ကြံ့ခိုုင်ဖွ့ံဖြိုးရေး အမတ်လည်းဖြစ်သော ဦးအောင်သိန်းလင်း ရန်ကုုန် လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာစျေးသစ်ဖွင့်ပွဲသိုု့ တက်လာရာ ပျံကျစျေးသည် ရ၀၀ ကျော်က စျေးရောင်းစရာ နေရာစီစဉ်ပေးဖို့ အော်ဟစ်တောင်းဆိုုခဲ့သည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရောက်လာသော မြို့တော်ဝန်ကိုု စျေးသည်များက ” စျေးရောင်းမယ့်နေရာ လုုပ်ပေးပါ” ဟုု သံပြိုင်အော်ကြသည်။

မျှော်လင့်မထားသော တောင်းဆိုုမှုအပြီး ဖွင့်ပွဲကိုု အတိုုချုံးကာ ဖဲကြိုးဖြတ်ပြီးသည်နှင့် ပြန်ထွက်လာသော ဦးအောင်သိန်းလင်းကားရှေ့တွင် စျေးသည်အမျိုးသမီးနှစ်ဦး ၀မ်းလျားမှောက်အိပ်ပြီး ဆိုုင်ခန်းစီစဉ်ပေးရန် ငိုုယိုုအသနားခံကြပြန်သည်။ စည်ပင်ဝန်ထမ်းများက ထိုုစျေးသည်နှစ်ဦးကိုု ဆွဲခေါ်ထုုတ်သွားကြသည်။

သီရိမင်္ဂလာစျေးဟောင်းတွင် ရောင်းစရာ နေရာရခဲ့ကြသော်လည်း ယခုုစျေးသစ်တွင် မရသည့်အတွက် တောင်းဆိုုကြသည်ဟုု စျေးသည်များက ဆိုုသည်။

မြို့တော်ဝန်အလာကိုု နေပူထဲက စျေးသည်များ စောင့်နေခဲ့ကြပြီး အချို့ မနက်စောစောကတည်းကပင် ရောက်နေခဲ့ကြသည်။

စျေးသစ်သို့ ပြောင်းလိုုက်ပြီဖြစ်သော်လည်း အဆောက်အဦးဆောက်လုုပ်မှုများ မပြီးပြတ်သေးပေ။

စျေးသစ်မှာ တထပ်စျေးဖြစ်ကာ ဆုုိင်ခန်း ၂၀၉၃ ခန်းပါ၀င်ပြီး စျေးဟောင်းထက် ဆိုုင်ခန်း ၁၀၃ ခန်း လျော့သည်။

ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ နိုုင်ခဲ့သည်။ အတိုုက်အခံများအပေါ် သဘောထားတင်းမာသူဟုု နာမည်ဆိုုးထွက်ပြီး အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် မဲနိုုင်သွားသည်ဟုု ပြိုင်ဘက်များက စွပ်စွဲခံရသူဖြစ်သည်။

Most read this week