ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ခွဲထွက်၍ နယ်စပ်သို့ထွက်ခွာ

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ခွဲထွက်၍ နယ်စပ်သို့ထွက်ခွာ
by -
ဒယ်နီယယ် ပီဒါဆင်
ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBA) တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကိုဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည်ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာလိုက်နေသည်ဟု....

မဲဆောက် (မဇ္ဈိမ) ။     ။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBA) တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကိုဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည်ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာလိုက်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သတင်း ရပ်ကွက်များက ပြောသည်။

ဒီကေဘီအေ စစ်သားများ အရှေ့ဘက်သို့ ထွက်ခွါလာနေရာ နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

‘ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပြန်လာနေသည်၊ သို့သော်တပ်မှူးများမပါ´ ဟု KNLA သတင်းရပ်ကွက် များက ယမန်နေ့ညက ပြောသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော နအဖ ၏တောင်းဆိုချက်များအပေါ် ဒီကေဘီအေ စစ်သားအများအပြား မကျေမနပ်ဖြစ်ကြပြီး အချို့ဘက်ပြောင်းလာသည်ဟု မိမိတို့ကြားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောသည်။

KNU အကြား ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တပ်ဖွဲ့ဝင်များအကြား သဘောထား ကွဲပြားမှုများဖြစ်ကာ ၁၉၉၄ ခုနှစ်က ဒီကေဘီအေ တပ်ဖွဲ့ပေါ်ထွက်လာခဲ့သည်။ ဤကွဲပြားမှုသည် အလွန်အထိနာစေသော ခွဲထွက်မှုဖြစ်ကြောင်း မကြာခင် သက်သေသာဓကများ ပေါ်ထွက်လာခဲ့သည်။ ၁၉၉၄ ခုနှစ်အစောပိုင်းတွင် ကေအန်ယူ၏
အမာခံစခန်းဖြစ်သော သောင်ရင်းနှင့် သံလွင်မြစ်ဆုံရှိ မာနယ်ပလောစခန်း ဆုံးရှုံးသွားခဲ့သည်။

ခွဲထွက်ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဒီကေဘီအေအလံ လွှင့်ထူကာ မြန်မာစစ်တပ်များကို စခန်းတွင်း လမ်းပြခေါ်ဆောင် သိမ်းပိုက်သွားခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က အာဏာရစစ်အစိုးရက ဒီကေဘီအေခေါင်းဆောင်များကို သူတို့အနေဖြင့် ကရင်ပြည်နယ်ကို သူတို့စိတ်ကြိုက် အုပ်ချုပ်နိုင်ပါကြောင်း ကတိပေး ပြောကြားခဲ့သည်။

သို့သော် ယခုနှစ်အတွင်း ဒီကေဘီအေသည် ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသအတွင်း အကြောက်တရားဖြင့် ကြီးစိုးထားကာ မြို့ပြဒေသများတွင် ခြိမ်းခြောက် ငွေညှစ်ခဲ့သည်။ ခေါင်းဆောင်များမှာမူ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအပေါ် အခွန်များကောက်ခံကာ ကြီးပွါးချမ်းသာလာခဲ့ကြသည်။

ယခင်အပတ်က ထုတ်ဝေခဲ့သော မဲဆောက်အပတ်စဉ်ဂျာနယ် Pan Din Maere (အမိမြေ) တွင် ဒီကေဘီအေ တပ်မဟာ ၉၉၉ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ မိသားစုနှင့်အတူ အလွန်ကြီး ကျယ်ခမ်းနားသော အိမ်သစ်ရှေ့တွင် ရိုက်ထားသောဓါတ်ပုံနှင့် အတူ သတင်းတပုဒ် ပါလာခဲ့သည်။ မြဝတီမြို့ရှိ အဆိုပါ အိမ်သစ်တက်ပွဲအား မဲဆောက်စာနယ်ဇင်းကိုပင် ဖိတ်ကြားခဲ့သည်။ ဤသုံးရက်ကြာ အခမ်းအနားတွင် သုံးဖြုန်းပြလိုက်ခြင်းကြောင့်ပင် ဤပြဿနာများပေါ်လာခဲ့ရခြင်းဖြစ် သည်။

ဒီကေဘီအေပေါ်ထွန်းလာခြင်းကြောင့် အကျိုးဖြစ်ထွန်းရသူများမှာ စောချစ်သူတို့ကဲ့သို့ လက်တဆုပ်စာ အနည်းစုသာရှိသည်။ သူ့တပ်မဟာ ၉၉၉ မှာ ကြောက်စရာကောင်းသည်ဟု နာမည်ကြီးပြီး ငွေယားလေးများရှိသော အဖွဲ့လဲဖြစ်သည်။ နအဖက သူ့တပ်ကိုပြည်သူ့စစ်အဖြစ် အသွင်မပြောင်းခိုင်းခင်အထိ စောချစ်သူမှာ အခြေအနေ ကောင်းနေသည်။

ဤသို့ အောက်ခြေတပ်သားများ ခွဲထွက်ပုန်ကန်သွားခြင်းကြောင့် ဒီကေဘီအေတွင် မည်မျှထိခိုက်မည်ကို မသိရသေးပေ။ ရာဂဏန်းအချို့မှာ အလွန်များပြားသည်ဟု ဆိုနိုင်သော်လည်း ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံးနှင့်ဆိုလျှင် များသည်ဟု မဆိုနို်င်ပေ။ အောက်ခြေတပ်ဖွဲ့ဝင်များ၏သစ္စာခံမှု ကိုမရရှိလျှင် စစ်ဘုရင်ဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။ ချစ်သူအဘို့ကျန်သူ့တပ်သားများ သူ့ အပေါ်ဘယ်လောက် သစ္စာခံကြသေးသည်ကို တွက်ဆနေရပြီ ဖြစ်သည်။

ကေအန်အယ်လ်အေတပ်ဖွဲ့ရှိရာသို့ ဒီကေဘီအေမှခွဲထွက်အဖွဲ့ဝင်များကူးပြောင်းသွားသည်ကို နအဖ တပ်များက လိုက်လံ ရှာဖွေနေသည်။ ဒီကေဘီအေ တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းရေးမှာမူ မသေချာလှတော့ပေ။

ဒီကေဘီအေအနေဖြင့် ကေအန်ယူစတင်တည်ထောင်သူ စောဘဦးကြီး၏ မူ ၄ ချက်ဆက်လက် စွဲကိုင်ထားရေးကို ယခုထိဆက်လက်ပြောဆိုနေဆဲဖြစ်သည်။ ယင်းတို့မှာ ကရင့်တော်လှန်ရေးအတွက် လက်နက်ချစကား အလျဉ်းမပြောရ ကရင်ပြည်နယ်အဖြစ် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည် ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရှိရမည်  ထို့ကြောင့် အပြင်ပန်းအားဖြင့်ကြည့်လျှင်မူ ဒီကေဘီအေ သည် နအဖအုပ်စိုးနေမှုကို ပြင်းထန်စွာ ဆန့်ကျင်သည်။

ကေအန်ယူအတွက် ယခုဖြစ်ပျက်ကြံုတွေ့နေရသမျှအားလုံးသည် ၁၉၉၄ ခုနှစ်ကအကွဲအပြဲ သည် အဓိကအကြောင်းတခုဖြစ်သည်။ ဒီကေဘီအေ သည် ကေအန်ယူ ယခင်က ထိုင်းနှင့်လုပ်ခဲ့သလို နအဖ နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်လျက်ရှိသည်။ ကေအန်ယူ သည် ယခင်က သံဖြူ၊ သွပ်နှင့် ရွှေတွင်းများကို နယ်စပ်တွင် ကြီးကြပ်လုပ်ကိုင်ခဲ့ကြသည်။

တရားမဝင်ရော၊ တရားဝင်ရော ကုန်သွယ်မှုမှန်သမျှ မည်သည့်ပစ္စည်းအပေါ်တွင်မဆို ဒီကေဘီ အေ ကအကောက်ရနေသည်။ ခေါင်းဆောင်များ အလွန်အမင်းကြွယ်ဝ လာခဲ့ကြသည်။

သို့သော် ကေအန်ယူ၏မိုင်းခင်းများအကြား ခြံုခိုတိုက်ခိုက်မှုများအကြား သွားလာလှုပ်ရှားနေရသော အောက်ခြေစစ်သားများအတွက်မူ သူတို့ခေါင်းဆောင်ကြီးများနှင့် ဘဝအခြားကြီးခြားနေကြရသည်။
သူတို့ခေါင်းဆောင်များမှာ ဒေသခံစာနယ်ဇင်းများတွင် သတင်းဖြစ်နေသော နာမည် ကြီးပုဂ္ဂိုလ်ကြီးများဖြစ်နေကြသည်။

ဒီကေဘီအေ ကို နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းလဲရန် နောက်ဆုံးသတ်မှတ်ထားသော ရက်မှာ ယခုစေ့သွားပြီဖြစ်သည်။ နောက်ဆုံးရက်တခုကုန်ဆုံးသွားတိုင်း နအဖ ဘက်ကလည်း ဖိအားကို တရစ်တင်းလိုက်ပြန်သည်။ စစ်အစိုးရ၏အစီအစဉ်မှာ နအဖ အရာရှိများကွပ်ကဲအုပ်ချုပ် သည့် ပြည်သူ့စစ်တပ်ဖွဲ့ကို ထူထောင်ရန် ဖြစ်သည်။ ဤအစီအစဉ်အရ ဒီကေဘီအေ တပ်ဖွဲ့ကို လက်နက်ဖြုတ်မည်။ ယူနီဖောင်းများ လဲဝတ်ရမည်။ ပြီးမှ ပြန်လည်လက်နက်တပ်ဆင်ပေးမည် ဖြစ်သည်။ စစ်သားများမှာ ထိုင်းဘတ်ငွေ ၁၂ဝဝ နှင့်ညီမျှသောငွေကို လစာအဖြစ်ရရှိကြမည်ဖြစ် သည်။

ဤသို့ပြုလုပ်လျှင် ဒီကေဘီအေမှာ သူ့လာရာလမ်းကိုပင်ကျော်လွန်ကာ စောဘဦးကြီးမူအတိုင်း ဆက်လက်ချီတက်သွားမည့်သဘောရှိနေသည်။