ရန်ကုန် စည်ပင်သာယာက မီးသဂြုႋဟ်စရိတ် တိုးမြှင့် ကောက်ခံမည်ဆိုလျှင် ငွေကြေးအခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း အခမဲ့ နာရေး ကူညီမှု အသင်းက ပြောသည်။
ယခင်က သေဆုံးသူသည် လူကြီးဖြစ်ပါက မီးသဂြုႋဟ်ခ ၁၀၀၀ ကျပ်နှင့် ကလေးဖြစ်လျှင် ကျပ် ၅၀၀ ကုန်ကျနေရာမှ ယခုအခါ ကျပ် ရ၀၀၀ နှင့် ကျပ် ၃၀၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဟူသည့် သတင်းများ ရန်ကုန်တွင် ပေါ်ထွက်နေရာမှ ယခုလို တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
“တကယ်လို့ ဟုတ်လာရင်၊ တရားဝင် စာထွက်လာရင် ကျမတို့လည်း လုပ်ငန်းလုပ်ဖို့ တော်တော် အဆင်မပြေ ဖြစ်သွားမယ်။ တရားဝင် စာထွက်လာတော့မှပဲ ဘယ်လို ဆက်လုပ်သင့်တယ် ဆိုတာကို စဉ်းစားရတော့မှာပဲ။ ကျမတို့ အလှူငွေနဲ့ ရပ်တည်နေရတာပါ။ တနေ့ကို သေတဲ့သူ ၃၅ လောင်းနဲ့ ၅၀ ကြား သဂြုႋဟ်နေရတယ်။ တကယ်လို့ အဲဒီလောက်ကြီး မြင့်သွားမယ်ဆိုရင် ကျမတို့ လုပ်ရတာ အခက်အခဲ ဖြစ်သွားနိုင်တယ်” ဟု နာရေး ကူညီမှုအသင်း ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မဇ္စျိမကို ပြောသည်။
ရုပ်ရှင် သရုပ်ဆောင် ကျော်သူ ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည့် နာရေး ကူညီမှုအသင်းသည် ယခုနှစ် ၁ ရက်နေ့မှာ ၅ ရက်နေ့ အချိန်ထိ သေဆုံးသူ ၂၀၉ ဦးကို မီးသဂြုႋဟ်မှုများ ပြုလုပ်ပေးခဲ့ပြီး တနေ့လျှင် သေဆုံးသူ အနည်းဆုံး ဦးရေ ၄၀ မှ အများဆုံး ရက်တွင် ၅၂ ဦးအထိ ကူညီပေးခဲ့ကာ၊ ရုပ်ကလာပ်များကို သုသာန်ရှိ အအေးခန်းတွင် ထားရှိရန် ကျပ် ၁၅၀၀ ၊ မီးစက် စရိတ်အဖြစ် လူကြီးအတွက် ၁၀၀၀ နှင့် ကလေးအတွက် ၅၀၀ ကို အသုဘရှင်များ အစား ပေးဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မီးသဂြုႋဟ်စရိတ် တိုးမြှင့် ကောက်ခံမည်ဟူသည့် သတင်းများ ပေါ်ထွက်နေသည်ကို ကြားသိရသော်လည်း တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း စည်ပင် ရုံးဝန်ထမ်းတဦးက တယ်လီဖုန်းမှ တဆင့် ပြောသည်။
သုသာန်သို့ နိဗ္ဗာန်ယာဉ်ကားဖြင့် ပို့ဆောင်ခြင်း၊ ဝါးကပ်၊ အခေါင်း၊ ဝန်ထမ်းစရိတ်၊ ကြိုးဖိုး ကုန်ကျငွေနှင့် မီးသဂြုႋဟ် စရိတ်အဖြစ် တနေ့လျှင် ပျမ်းမျှ ကုန်ကျငွေ ကျပ် ၄ သိန်းကျော်ပြီး လစဉ် ကောက်ခံရရှိငွေ ကျပ် ၂၀၀ သိန်းကျော်မှ သုံးစွဲရကြောင်းနှင့် ကျန်ရှိသည့် အလှူငွေများကို အခမဲ့ သုခဆေးရုံအတွက် ခွဲဝေ သုံးစွဲရကြောင်း နာရေးကူညီမှု အသင်း တာဝန်ရှိသူ တဦးက ပြောသည်။
အလားတူပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကလည်း ရန်ကုန်တွင် နာရေး ကူညီမှု အသင်းများ ထူထောင် လုပ်ကိုင်နေကြောင်း ကြံ့ဖွံ့ နာရေးကူညီမှုအသင်း (ဗဟို) မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးတင်ဝင်းက ယခုလို ပြောသည်။
“ပြည်ခိုင်ဖြိုး အသင်းအနေနဲ့ ရပ်ကွက်တွေမှာ နာရေးကူညီမှုတွေ လုပ်ဆောင်နေပါတယ်။ သေဆုံးသူတွေ အိမ်မှာ အသင်းဝင်တွေက သွားရောက် ကူညီလုပ်ကိုင်ပြီး အလောင်းကို ကျနော်တို့ အအေးတိုက်ကို ပို့တယ်။ မီးသဂြုႋဟ်စက်တွေမှာ အခမဲ့ လုပ်ဆောင်ပေးတယ်။ ရုပ်အလောင်းအတွက် ကားအပို့အကြို၊ ကပ်၊ အခေါင်း၊ ကြိုးတွေကို လုပ်ဆောင်ပေးတယ်” ဟု သူက ပြောသည်။
ကျန်ရစ်သူ မိသားစုဝင်များက သေဆုံးသူအတွက် အကူအညီ တောင်းခံလာပါက အခမဲ့ ဆောင်ရွက် ပေးနေသည့် နာရေးကူညီမှု အသင်းပေါင်းမှာ ရန်ကုန်တွင် အနည်းဆုံး ၅ သင်းခန့် ရှိသည်။
၎င်းတို့မှာ သီတာ နာရေးကူညီမှု၊ အင်းစိန် စိန်ရတနာ နာရေးကူညီမှု၊ စည်ပင်သာယာ နာရေးကူညီမှု၊ ပြည်ခိုင်ဖြိုး နာရေးကူညီမှုနှင့် မင်းသားကျော်သူ ဦးဆောင်သည့် အခမဲ့ နာရေး ကူညီမှု အသင်းတို့ ဖြစ်သည်။