အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်စု ဆွေးနွေး

အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်စု ဆွေးနွေး
အမေရိကန် သံတမန်ကြီးများနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ယနေ့နံနက်တွင် တွေ့ဆုံဆွေးနွေးကြ ...

ချင်းမိုင် (မဇ္ဈိမ)။       ။ အမေရိကန် သံတမန်ကြီးများနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ယနေ့နံနက်တွင် တွေ့ဆုံဆွေးနွေးကြသည်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်  Mr. Kurt Campbell နှင့် အာဆီယံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီးလည်းဖြစ်၊ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) တို့သည် နံနက် ၁၁ နာရီခွဲခန့်တွင် ဟိုတယ်သို့ ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် ၁၀ မိနစ်အကြာတွင် ရောက်လာခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

မြန်မာ့အရေး ပြန်လည်သုံးသပ်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံမှု၏ ”အချက်အလက်ရှာဖွေရေး” ခရီးစဉ်အဖြစ် အမေရိကန် သံတမန်ကြီးများသည် မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့က စတင်ရောက်ရှိခဲ့သည်။ နေပြည်တော်တွင် ယမန်နေ့က စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံ ခဲ့သည်။

Most read this week