မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု

မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု
by -
မုံပီး
မြန်မာပြည်နှင့် ဆက်ဆံရန် ပြင်းပြစွာ ထောက်ခံသူ အမေရိ်ကန် ဆီးနိတ်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဦးစီးသော ယခုလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော် ကြားနာမှု ...

နယူးဒေလီ (မဇ္စျိမ)။       ။ မြန်မာပြည်နှင့် ဆက်ဆံရန် ပြင်းပြစွာ ထောက်ခံသူ အမေရိ်ကန် ဆီးနိတ်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဦးစီးသော ယခုလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော် ကြားနာမှုတွင် မြန်မာနှင့် ဆက်ဆံရေး အရေးကြီးပုံကို ပြောဆိုရန် ပါမောက္ခ ဒေးဗစ်အိုင်စတိန်းဘတ် အပါအဝင် မြန်မာ့အရေး ကျွမ်းကျင်သူ ၄ ဦးကို ရှိနေသည်။

“မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒနှင့် ၎င်း၏ အကျိုးရှိမှုနှင့် သက်ရောက်မှုများ“ ခေါင်းစဉ်နှင့် ပြုလုပ်မည့် ကြားနာမှုတွင် အမေရိကန် နိုင်ငံခြားရေး ဝြန်ကီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဒ်ကမ်ဘယ်၊ မြန်မာသမိုင်းပညာရှင် ဦးသန်းမြင့်ဦး၊ ပါမောက္ခ ဒေးဗစ်စီဝီလျံနှင့် အင်ဒီယားနား တက္ကသိုလ် ဘလူမင်တန်မှ ဥပဒေပါမောက္ခ ဂျွန်အက်စ်ဟက်ရှတင် ပါဝင်ကြမည်။

မစ္စတာဝက်ဘ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်အရ ကြားနာမှုသည် အမေရိကန်၏ လက်ရှိစီးပွားရေး ပိတ်ဆို့မှု မူဝါဒက်ို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာ့ ဒီမိုကရေစီရေး အပြောင်းအလဲတွင် ပံ့ပိုးမြှင့်တင်ရန်အတွက် အမေရိကန်၏ အခန်းကဏ္ဍကို ဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအတွက် မူဝါဒနှင့် ပတ်သက်၍ အကြို ပြောကြားရာတွင် ပြန်လည်သုံးသပ်နေသည်မှာ ၆ လကျော်ပြီဖြစ်ကာ အမေရိကန်သည် မြန်မာအစိုးရနှင့် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုပါ ပါရှိသော မူဝါဒအသစ်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု သူမက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကူးပြောင်းမှု ရရှိလာစေရန် အခြေခံရည်ရွယ်ချက်များမှာမူ မပြောင်းလဲဘဲ အမေရိကန် အနေနှင့် အပြောင်းအလဲများ အတွက် အကျိုးရှိနိုင်မည့် ဆက်သွယ်ရေး လမ်းကြောင်းသစ်များ ရရှိလာစေရန် မြန်မာ ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမည်ဟု မစ္စစ်ကလင်တန်က ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် သူမက အမေရိကန်၏ လက်ရှိ စီးပွားရေး ပိတ်ဆို့သော မူဝါဒရော တရုတ်၊ အိန္ဒိယနှင့် အာဆီယမ်နိုင်ငံများ အပါအဝင် အိမ်နီးချင်း နိုင်ငံများ၏ အပြုသဘော ဆက်ဆံရေး မူဝါဒပါ ထိရောက်မှု မရှိခဲ့ဟု ပြောဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ အီယမ်ကယ်လီက ကြာသပတေးနေ့က ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မကြာခင် သတ်မှတ်ပေးမည့် အခြားသော ပြောဆိုမည့် သူများနှင့်အတူ ကာဒ်ကမ့်ဘယ်က မြန်မာနိုင်ငံအတွက် မူဝါဒကို ဦးဆောင် သွားလိ်မ့်မည်ဟု ပြောကြားသည်။

အစောပိုင်းက အထက်လွှတ်တော် ကော်မတီ ကြားနာမှုကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ် ထားသော်လည်း ယခုလ ၃၀ ရက်နေ့ ညနေ ၃ နာရီ (ဒေသစံတော်ချိန်) သို့ ေ့ရွှလိုက်ကြောင်း မစ္စတာဝက်ဘ်၏ ရုံးမှ အတည်ပြုပြောကြားသည်။