အကျဉ်းသား လွှတ်ပေးမှု

အကျဉ်းသား လွှတ်ပေးမှု
အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၅၀၀ ကျော် ယနေ့ လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော်သာ ပါသည်။ ယခုအချိန်အထိ အတည်ပြုနိုင်သော အင်းစိန်ထောင်မှ လွှတ်မည့် နိုင်ငံရေး အကျဉ်းသားများ ...

(၁) မအိမ့်ခိုင်ဦး (အီကိုဗီးရှင်း သတင်းထောက်)

(၂) ကိုကျော်ကျော်သန့် (သတင်းစာဆရာ)

(၃) ဦးနိုင်းနိုင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

(၄) ဘိုးတော်သန်းလှ ( ယခင်ဝန်ကြီးချုပ်နှင့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် အကြံပေး)

(၅) ဒေါ်သန်းသန်းဌေး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

(၆) ကိုညီညီမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- တောင်ဒဂုံ)

(၇) မုံရွာအောင်ရှင် (ကဗျာဆရာ)

(၈) မတင်တင်မြင့်

(၉) မသန်းသန်းဆင့်

(၁ဝ) မတင်မင်းစိုး

(၁၁) မကြည်ကြည်မင်း

(၁၂) ကိုဇော်ထွဋ်အောင်

(၁၃) ဦးတင်မျိုးထွဋ် (ခေါ်) ဦးကျော်ဦး

(၁၄) ဦးဝင်းမြင့်

(၁၅) ဦးကျော်မောင်

(၁၆) ဦးနေဝင်း

(၁၇) ဦးကြည်လင်း

(၁၈) ဦးစိုးဝေ (ခေါ်) ဦးသန်းဇော်

(၁၉) အရှင် စန္ဒောဘာသ

(၂၀) ဦးဘမင်း

(၂၁) ဦးညိုမြ

(၂၂) ဦးမိုက်ကယ်ဝင်းကျော်

မှတ်ချက် ၂၀ -၂၂ အထိမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်ပြီး ကလေး အကျဉ်းထောင်မှ လွတ်မြောက်ခြင်း ဖြစ်သည်။

----------------------------------------

လွှင့်တင်ချိန် - သောကြာနေ့၊ စက်တင်ဘာလ 18 ရက် 2009 ခုနှစ် 14 နာရီ 47 မိနစ်

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၅၀၀ ကျော် ယနေ့ လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော်သာ ပါသည်။

ယခုအချိန်အထိ အတည်ပြုနိုင်သော အင်းစိန်ထောင်မှ လွှတ်မည့် နိုင်ငံရေး အကျဉ်းသားများတွင် အီကိုဗေးရှင်း ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး ပါဝင်သည်ဟု သိရသည်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိဟု သတင်းစာ ဆရာများကို ပြောလိုက်သည်။