မောင်တောမြို့နယ်ရှိ အဝင်အထွက်(အောက်) စခန်း၌ ၁၆၈၀ ယာဘာ ဆေးပြားနှင့် အတူ မြန်မာနိုင်ငံသားတဦးကို ယမနေ့တွင် ဖမ်းဆီးမိကြောင်း ရဲစခန်းမှ အကျိုးတော် ဆောင်တဦး၏ ပြောပြချက်အရ သိရှိရသည်။
သတင်းရရှိချက််အရ မူးယစ်ဆေးဝါးနှိမ််နှင်းရေးအဖွဲ့နှင့် ရဲ တပ်ဖွဲ့ဝင်များသည် မောင် တောမြို့အောက်စခန်းမှ ဘင်္ဂါလာဒေရှ်နိုင်ငံသို့ တရားဝင်သွားမည့် ပြည်သူများအား ၀င်ရောက် စစ်ဆေးရာ ၊ဦးအဘုလ်၏သား ဆော်လိမ်ထံတွင်ယာဘာဆေးပြား အလုံး ၁၆၈၀ ရှာဖွေတွေ့ရှိသဖြင့် ဆေးပြားများနှင့် အတူ ၎င်းဆော်လိမ်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ၎င်းအကျိုးဆောင်မှပင် ဆက်လက်ပြောဆိုသည်။
ဆော်လိမ်၏ထွက်ဆိုချက်အရ ၎င်းသည် ကယ်ရီသမားတဦးသာဖြစ်ကြောင်း၊ ၎င်းဆေးပြား များ၏ပိုင်ရှင်များမှာ ရွှေဇားကျေးရွာမှ ဇူဘိုရ် နှင့် ဇီယာဘုလ် ရာမာန် တို့ဖြစ်ကြောင်း၊၎င်း တို့သည် မောင်တောမြို့၏ အဓိကယာဘာဆေးပြားများ ဖြန့်ဝေသူများဖြစ်ကြောင်း ပြောဆိုသည်။
၎င်းဖြန့်ဝေသူများသည် မောင်တောမြို့ရှိ အစိုးရ ထိပ်တန်းအရာရှိများနှင့် ဤယာဘာ ဆေးပြားများကုန်ကူးရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယ္ခုအချိန်တွင် မောင် တောမြို့၌ ထောင်ပေါင်းများစွာသော ယာဘာဆေးပြား ရောက်ရှိနေကြောင်း၊ သို့သော် ၎င်းဆေးပြား များမည်သည့်နေရာတွင် သိုလှောင်ထားသည်ကို မသိကြောင်း ထွက်ဆိုခဲ့ သည်။
မောင်တောမြို့တွင် အထူးသဖြင့် နစက၊ ရဲ နှင့် စစ်တပ်အရာရှိများသည် ဤမူးယစ်ဆေးဝါး ကုန်ကူးရာတွင် ပါ၀င်ပြီး အလွယ်တကူ ၀င်ငွေ ရှာဖွေနေကြောင်း မောင်တောမြို့မှ ကျောင်း ဆရာ တဦး၏ ပြောပြလျက်အရ သိရှိရသည်။
မောင်တောမြို့တွင် ကျောင်းသားများနှင့် လူငယ်များသည် ယ္ခုအခါတွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း နှင့်၎င်းမူးယစ်ဆေးဝါးရောင်းဝယ်ရာတွင်လည်း ပါ၀င်နေကြောင်း ၎င်း ကျောင်းဆရာမှ ပင် ပြောဆိုသည်။