မလေးရှားဖုန်းကတ်များ မြန်မာပြည်တွင် ရောင်းချ

မလေးရှားဖုန်းကတ်များ မြန်မာပြည်တွင် ရောင်းချ
by -
မေကျော်
မလေးရှားနိုင်ငံတွင်းသုံး ကြိုတင်ငွေချေစနစ် Pre-paid ဖုန်းကတ်များကို မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသည်။ မြန်မာပြည်တွင်း ကုမ္ပဏီ DISys. Co., Ltd က မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများကို ရည်ရွယ် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မလေးရှားနိုင်ငံတွင်းသုံး ကြိုတင်ငွေချေစနစ် Pre-paid ဖုန်းကတ်များကို မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသည်။

မြန်မာပြည်တွင်း ကုမ္ပဏီ DISys. Co., Ltd က မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများကို ရည်ရွယ်ပြီး မလေးရှားတွင် အသုံးပြုရန် Maxisကုမ္ပဏီထုတ် Hot Link ဂျီအက်စ်အမ် ဖုန်းကတ်များကို ၁၈ ဒေါ်လာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဖုန်းကတ် ဝယ်ယူလိုသူများအနေဖြင့် အမေရိကန် ဒေါ်လာ ၁၈ နှင့် မလေးရှား ဗီဇာ၊ မလေးရှားတွင် နေထိုင်မည့် လိပ်စာ၊ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် ဖုန်းကတ် မှတ်ပုံတင် ပုံစံကို ဖြည့်ပြီး မိမိလိုချင်သော ရက်ထက် ၂ ရက်ခန့် ကြိုဝယ်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မလေးငွေ ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာ ပေါက်စျေးအရ မလေးရင်းဂစ် ၃၀ ဖိုး ဖုန်းခေါ်ဆိုနိုင်သော ဖုန်းကဒ်တခုကို ရင်းဂစ် ၆၃ ပေးဝယ်ရခြင်း ဖြစ်သည်။

မလေးနိုင်ငံတွင် ဝယ်ယူရရှိနိုင်သည့် နှုန်းထားထက် များလွန်းနေသည်ဆိုသော ဝေဖန်မှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ “လိုင်းအမျိုးမျိုး ရှိတာကိုး။ ဒီဥစ္စာက ကုမ္ပဏီက ချပေးတဲ့ စျေးပါ” ဟု DISys Co., Ltd အရာထမ်းတဦးက ပြောသည်။

တယ်လီဖုန်းကတ်ကို အသုံးပြုလျှင် မလေးရှားနိုင်ငံတွင်း ပြောဆိုမှုအတွက် တစ်မိနစ်လျှင် ၀.၃၃ ရင်းဂစ် ကုန်ကျမှာဖြစ်ပြီး မလေးရှားမှ မြန်မာနိုင်ငံသို့ ခေါ်ယူမည်ဆိုလျှင် တစ်မိနစ်အတွက် ၀.၉၉  ရင်းဂစ် ကျသင့်မည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများအနက် ထိုင်းနိုင်ငံပြီးလျှင် မလေးရှားသည် ဒုတိယအများဆုံး နိုင်ငံဖြစ်လာပြီး၊ တရားဝင် လုပ်သားအရေအတွက်ပင် ၁ သိန်း ၄ သောင်းကျော် ရှိကာ တရားမဝင် လုပ်သားအရေအတွက်က အဆများမည်ဟု ခန့်မှန်းထားကြသည်။

Most read this week