ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည်
by -
နန်းဒေဝီ
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော ကျောင်းတော်ကြီးတခုမှ ကျောင်းသူ ၆၀၀ က သူမလွတ်မြောက်ရေး တာတို အပြေးပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပ ...

နယူးဒေလီ (မဇ္စျိမ)။     ။ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော ကျောင်းတော်ကြီးတခုမှ ကျောင်းသူ ၆၀၀ က သူမလွတ်မြောက်ရေး တာတို အပြေးပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပသွားမည်။

၁၉၆၄ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် တက်ရောက်သင်ကြားခဲ့သည့် လေဒီရှရီရမ်ကောလိပ် (Lady Shri Ram) က ၃ ဒဿမ ၃ ကီလိုမီတာ အကွာအဝေးရှိ အပြေးပြိုင်ပွဲကို သူမ လွတ်မြောက်ရေး ရည်ရွယ်ကာ ကျင်းပရန် စီစဉ်လိုက်ကြခြင်း ဖြစ်သည်။

“အပြေးပြိုင်ပွဲ လုပ်ရတာဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ပြီး လွတ်မြောက်မှု ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၄ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချထားပြီးနောက် ၁၈ လ ထပ်ချလိုက်တာဟာ လူသားမဆန်တဲ့ လုပ်ဆောင်ချက်လို့ပါ” ဟု ကောလိပ်မှ ခန္ဓာဗေဒဆိုင်ရာ ပညာပေးဌာနက တာဝန်ရှိသူတဦးဖြစ်သည့် မီနာ့ရှ်ပဟူဂျာ (Menaksh Pahuja) က မဇ္စျိမကို ပြောသည်။

“အရင်ကတည်းက နှစ်တိုင်းမှာ ဒီလို အပြေးပြိုင်ပွဲ လုပ်ပေမယ့် ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အားပေး ထောက်ခံတဲ့အတွက် သီးသန့် လုပ်ဆောင်တာပါ” ဟု သူက ဆက်ပြောသည်။

နေအိမ်တွင် ထိန်းသိမ်းခံနေရသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီလိုအချိန်မှာ ဒေါ်စုလွတ်မြောက်ရေး လုပ်ဆောင်မှုတွေ အားလုံးကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒေါ်စုနဲ့ တွေ့ရင်လည်း ပြောလိုက်ပါမယ်” ဟု သူက ပြောသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ သံရုံးတွင် သံတမန်အဖြစ် အမှုထမ်းနေစဉ် LSR ကောလိပ်၌ ပညာဆည်းပူးခဲ့ခြင်း ဖြစ်သည်။

Most read this week