ဘူးသီးတောင်မြို့နယ်မှ အစ္စလာမ်ဘာသာဝင် မိသားစု ၃၀ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း

ဘူးသီးတောင်မြို့နယ်မှ အစ္စလာမ်ဘာသာဝင် မိသားစု ၃၀ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အစ္စလာမ် ဘာသာဝင် ၃၀ ခန့်မှာ ခရစ်ယန်ဘာသာသို့ ကူးပြောင်း ၀င်ရောက်သွားသည်ဟု သိရသည်။ ကူးပြောင်း ၀င်ရောက်သွားသူများမှာ ဘူးသီးတောင်မြို့နယ် ပြိုင်တောင် အုပ်စု တောင်ချေ ကျေးရွာမှ ဖြစ် ...

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အစ္စလာမ် ဘာသာဝင် ၃၀ ခန့်မှာ ခရစ်ယန်ဘာသာသို့ ကူးပြောင်း ၀င်ရောက်သွားသည်ဟု သိရသည်။

ကူးပြောင်း ၀င်ရောက်သွားသူများမှာ ဘူးသီးတောင်မြို့နယ် ပြိုင်တောင် အုပ်စု တောင်ချေ ကျေးရွာမှ ဖြစ်သည်ဟု ညောင်ချောင်းကျေးရွာမှ အရပ်လူကြီး တဦးမှ အတည်ပြု ပြောကြားသည်။

ခရစ်ယာန်ဘာသာသို့ ကူးပြောင်း ၀င်ရောက်သွားသူများမှာ နေထိုင်ရာ ကျေးရွာမှာ ဘူးသီးတောင်မြို့ တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိပြီး ညောင်ချောင်း ကျေးရွာ အနီးတွင် ဖြစ်သည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ စုစုပေါင်း ၃၀ ကျော်ရှိပြီး မူဆလင် ဘာသာဝင်များနှင့် ဒိုင်းနက် လူမျိုးများ ရောပြွမ်းနေထိုင်နေကြသည်ဟု သတင်းရရှိသည်။

“သူတို့က ၂၀၀၄ ခုနှစ် ကတည်းက တစ တစ ခရစ်ယာန် ဘာသာထဲကို ကူးပြောင်းသွားကြတာ အခုတော့ တရွာလုံး ကူးပြောင်းသွားကုန်ပါပြီ။ သူတို့အတွက် ဘုရားဝတ်ပြုတဲ့ ကျောင်းတွေ ဆောက်ပေးထားတဲ့ အပြင် အခွင့်အရေးတွေကိုလည်း ခရစ်ယာန်သာသနာပြု အဖွဲ့တွေက ပေးထားပါတယ်” ဟု အဆိုပါ အရပ်လူကြီးက ပြောသည်။

ယခုကဲ့သို့ မူဆလင်ဘာသာဝင်များ အနေဖြင့် ခရစ်ယာန် ဘာသာသို့ ကူးပြောင်းမူမှာ ယခင်က ရခိုင်ပြည်နယ်တွင် မရှိသလောက် ရှားပါးသဖြင့် လူထုအတွင်း အထူး အံ့သြမူ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

Most read this week