ပရိုလိဂ် ဖွင့်ပွဲအတွက် ရဲအင်အား တသောင်းသုံး

ပရိုလိဂ် ဖွင့်ပွဲအတွက် ရဲအင်အား တသောင်းသုံး
by -
မျိုးသိဏ်း
ဘောလုံး အားကစားကို ပရော်ဖက်ရှင်နယ်ပုံစံ ပြောင်းလဲပြီးနောက် စတင်ယှဉ်ပြိုင်သည့် National League Cup 2009 ဖွင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် တသောင်းအပြင် စစ်သားနှင့် စွမ်းအားရှင် အများအပြားကို အသုံးပြုခဲ့ ...

ရန်ကုန် (မဇ္ဈိမ)။     ။ ဘောလုံး အားကစားကို ပရော်ဖက်ရှင်နယ်ပုံစံ ပြောင်းလဲပြီးနောက် စတင်ယှဉ်ပြိုင်သည့် National League Cup 2009 ဖွင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် တသောင်းအပြင် စစ်သားနှင့် စွမ်းအားရှင် အများအပြားကို အသုံးပြုခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားကို မေလ ၁၆ ရက်နေ့က ပြုလုပ်ရာ ရန်ကုန် ယူနိုက်တက် အက်ဖ်စီနှင့် ဇေယျာရွှေမြေ ယူနိုက်တက်တို့ ယှဉ်ပြိုင်ခဲ့ကြရာ ရန်ကုန် သုဝဏ္ဏ ကွင်းလုံးပြည့် ပရိသတ်များ လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

National League Cup 2009 ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ။ ဓါတ်ပုံ-မဇ္ဈိမ       National League Cup 2009 ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ။ ဓါတ်ပုံ-မဇ္ဈိမ       National League Cup 2009 ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ။ ဓါတ်ပုံ-မဇ္ဈိမ       National League Cup 2009 ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းများ။ ဓါတ်ပုံ-မဇ္ဈိမ

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် အခြားစစ်ဘက်ဆိုင်ရာ အရာရှိများ အများအပြား တက်ရောက်ခဲ့ကြသည်။

ကွင်းတွင်း ကွင်းပြင် လုံခြံုရေးကို များပြား ထူထပ်စွာချထားပြီး သုဝဏ္ဏကွင်းရှေ့ ဝေဇယန္တာ လမ်းမကြီးကို နေ့လည် ၁၂ နာရီခန့်မှ စ၍ ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားလိုက်သည်ကို တွေ့ရသည်။

သုဝဏ္ဏ အားကစား ပြိုင်ကွင်းအတွင်း ထူးခြားစွာဖြင့် ရေသန့်ဗူးများ ရောင်းချခွင့် ပေးထားသည်ကို တွေ့ရသော်လည်း ပွဲချိန်အတွင်း ကွင်းအတွင်းသို့ ရေသန့်ဗူးနှင့် အခြားပုလင်းများဖြင့် ပစ်ပေါက်ခြင်းမျိုး အနည်းငယ်သာ ရှိကြောင်း တွေ့ရသည်။

ဖွင့်ပွဲအဖြစ် ယှဉ်ပြိုင် ကစားကြရာတွင် ရန်ကုန် ယူနိုက်တက်အသင်းက ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဇေယျာရွှေမြေ အသင်းကို ၄ ဂိုး ဂိုးမရှိ အနိုင်ရခဲ့သည်။