မန္တလေး နန်းတွင်းမီးလောင်

မန္တလေး နန်းတွင်းမီးလောင်
မန္တလေးနန်းတွင်းတွင် ယမန်နေ့ညနေက စစ်တပ်အရာရှိ ရိပ်သာမှစတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန အပြောအရ သိရသည်။ ညနေ ၆ နာရီခွဲ ဝန်းကျင်က လမ်း ၈ဝ နှင့် ၂၁ လမ်းထောင့်ရှိ မန္တလေးနန်းတော် အနောက်ဘက် ဝင်ပေါက်အနီးရှိ စစ်အင်ဂျင်နီယာတပ် ...

မန္တလေး (မဇ္ဈိမ)။     ။  မန္တလေးနန်းတွင်းတွင် ယမန်နေ့ညနေက စစ်တပ်အရာရှိ ရိပ်သာမှစတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန အပြောအရ သိရသည်။

ညနေ ၆ နာရီခွဲ ဝန်းကျင်က လမ်း ၈ဝ နှင့် ၂၁ လမ်းထောင့်ရှိ မန္တလေးနန်းတော် အနောက်ဘက် ဝင်ပေါက်အနီးရှိ စစ်အင်ဂျင်နီယာတပ် အရာရှိရိပ်သာမှ စတင်လောင်ကျွမ်းခဲ့ပြီး မိနစ် ၂ဝကျော် ကြာမြင့်ခဲ့သည်။

`စပြီးလောင်တာတော့ အင်ဂျင်နီယာတပ် အရာရှိရိပ်သာ စားဖိုဆောင်ကပါ။ မီးစလောင်ချိန် ကနေပြီး မီးလုံးဝငြိမ်းသွားတဲ့အထိတော့ မိနစ် ၂ဝ ကျော်လောက်ပဲံကြာပါတယ်” ဟု မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် နန်းတွင်းရှိ ရှေးဟောင်း အဆောက်အအုံနှင့်ပစ္စည်းများ ထိခိုက်ပျက်စီးမှု မရှိဘဲ စစ်တပ် အဆောက်အအုံအချို့သာ မီလောင်ကျွမ်းခံခဲ့ရသည်ဟု ၎င်းထံမှ သိရသည်။

မန္တလေးနန်းတော်တွင် ရှေးမြန်မာဘုရင်များ၏ အသုံးအဆောင် ပစ္စည်းများ၊ ရှေးဟောင်း ဗိသုကာလက်ရာများကို  ပြသထားသော်လည်း အများပြည်သူ ဝင်ရောက်ကြည့်ရှု့လိုပါက မှတ်ပုံတင် ယူဆောင်သွားရပြီး နန်းတွင်း အစောင့် စစ်တပ်၏ စာရွက်စာတမ်းပုံစံ အမျိုးမျိုးကို ဖြည့်စွက်ပြီးမှသာ ဝင်ရောက်ကြရသည်။