စစ်ကားက ခရီးသည်တင်ကားကို တိုက်

စစ်ကားက ခရီးသည်တင်ကားကို တိုက်
အရှိန်မထိန်းနိုင်သော စစ်သုံးထရပ်ကား တစီးက ခရီးသည်တင် ဘတ်စ်ကားတစီးကို ကန့်လန့်ဖြတ် ဝင်တိုက်မိပြီးနောက် ဆက်လက်၍ လမ်းလည်ရှိ လျှပ်စစ် ဓာတ်မီးတိုင်ကို ဝင်တိုက်မှု ယနေ့ မွန်းလွဲ ၂ နာရီကျော်က ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အရှိန်မထိန်းနိုင်သော စစ်သုံးထရပ်ကား တစီးက ခရီးသည်တင် ဘတ်စ်ကားတစီးကို ကန့်လန့်ဖြတ် ဝင်တိုက်မိပြီးနောက် ဆက်လက်၍ လမ်းလည်ရှိ လျှပ်စစ် ဓာတ်မီးတိုင်ကို ဝင်တိုက်မှု ယနေ့ မွန်းလွဲ ၂ နာရီကျော်က ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည်။

စစ်ကားက ခရီးသည်တင်ကားကို တိုက်လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းအတိုင်း ကမ်းနားလမ်းဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်သုံးမော်တော် ယာဉ်အမှတ် (* ၄၁ဝ၁ ဗ ) မှ မဟာဗန္ဓုလ လမ်းအတိုင်း ဆူးလေဘုရားဘက်သို့

မောင်းနှင်လာသော ရွှေဧည့်သည်-၂ ယာဉ်လိုင်းမှ ခရီးသည်တင် ဘတ်စ်ကား ယာဉ်အမှတ် (၇ခ/၉၆၈ဝ) ကို ဘုန်းကြီးလမ်းမီးပွိုင့်သို့ အရောက်တွင် ကန့်လန့်ဖြတ် ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ဘတ်စ်ကား အတက်အဆင်းတံခါးအနီး  လိုက်ပါလာသူ ယာဉ်နောက်လိုက်မှာ ဒဏ်ရာ ရရှိသွားပြီး “ရင်ဘတ်အောင့်သည်၊ ဆေးရုံပို့ပေးပါ” ဟု ပြောဆိုနေသည်ကို တွေ့မြင်ရကြောင်း မျက်မြင်သက်သေများက ပြောသည်။ ထို့အပြင် စစ်ကားတွင် လိုက်ပါလာသူတစ်ဦး လမ်းပေါ်သို့ လွင့်စင် ပြုတ်ကျသွားခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ခရီးသည်တင်ယာဉ်၏ လူအတက်အဆင်း တံခါးပေါက် နေရာကို ဦးစွာ တိုက်မိခဲ့သဖြင့် ခရီးသည်တင် ဘတ်စ်ကားမှာ ယိမ်းခါသွားခဲ့စဉ် ကားနောက်ဘက် ယာဘက်ပိုင်းကို ထပ်မံ တိုက်မိခဲ့ရာ ဘတ်စ်ကားသည် ဘီးနှစ်ဘီး မြေပြင်မှ လွတ်သည်အထိ

တိမ်းစောင်းသွားခဲ့ပြီး အဆိုပါ အနေအထားအတိုင်း ဆယ့်ငါးပေခန့် ဆက်လက် ရွှေ့လျားသွားခဲ့သည်။

စစ်ကားက ခရီးသည်တင်ကားကို တိုက်ထို့နောက် စစ်ကားသည် လမ်းမတော် ရဲစခန်းအနီး စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် ထီဆိုင်ရှေ့ရှိ လမ်းမီးတိုင်ကို  ထပ်မံဝင်တိုက်ပြီးမှ ရပ်တန့်သွားသည်.။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးပွိုင့် အချက်ပြမီးများ ပျက်နေစဉ်အတွင်း အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရွှေဧည့်သည်-၂ တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များနှင့် အနီးဝန်းကျင်မှ မျက်မြင်သက်သေများက ပြောသည်။

ယာဉ်တိုက်မှုကြောင့် စစ်သုံးယာဉ်၏ ဦးခေါင်းပိုင်းတစ်ခုလုံး ကြေမွ ပျက်စီးသွားခဲ့ပြီး ခရီးသည်တင် ကား၏ ယာဘက်ခြမ်း လူအတက်အဆင်းနေရာနှင့် နောက်မှီးပိုင်း ပိန်ချိုင့်သွားခဲ့ပြီး ကားပြုတင်းမှန်များ ကွဲကြေသွားကာ အတက်အဆင်း တံခါးရွက်မှာ လုံးဝ ပြုတ်ထွက်သွားခဲ့သည်။

ရွှေဧည့်သည်-၂ ၏ ရှေ့တံခါးမှာ လုံးဝ ပျက်စီးသွားသဖြင့် ပုံမှန်အားဖြင့် အသုံးမပြုသော အရေးပေါ် နောက်တံခါးကို ဖွင့်၍ ခရီးသည်များကို လမ်းမတော် ရဲတပ်ဖွဲ့မှ အောက်သို့ ကူညီချပေးခဲ့သည်။