ခွန်ဆာ့အမျိုး မူးယစ်ဆေးဝါး ဂိုဏ်းဝင်များ အဖမ်းခံရ

ခွန်ဆာ့အမျိုး မူးယစ်ဆေးဝါး ဂိုဏ်းဝင်များ အဖမ်းခံရ
by -
ဥဆာ ဖိချိုင်း
၆ လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသ၌ မူးယစ်ဆေးဝါး ပြဿနာ လျော့ကျစေရမည်ဟု ထိုင်း အစိုးရက ကတိပြုခဲ့ပြီးနောက် အလွန်ကြီးမားသော မူးယစ်ဆေးဝါးဂိုဏ်များ၏ အဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ၆ လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသ၌ မူးယစ်ဆေးဝါး ပြဿနာ လျော့ကျစေရမည်ဟု ထိုင်း အစိုးရက ကတိပြုခဲ့ပြီးနောက် အလွန်ကြီးမားသော မူးယစ်ဆေးဝါးဂိုဏ်များ၏ အဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးလိုက်သည်။

ထိုင်းတရားရေးဝန်ကြီး ပီရာပင်ဆာလီရာသာဝိဘာဂါ (Pirapan Salirathavibhaga) နှင့် အခြား ဆက်စပ်နေသော အာဏာပိုင်များက လွန်ခဲ့သော သောကြာနေ့က ဘန်ကောက်မြ့ုိတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး၊ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) ၏ သတင်းပေးချက်အရ အဓိက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများဟု မသင်္ကာသူ ထိုင်းလူမျိုး ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး ဂိုဏ်းဝင်များမှာ ကွယ်လွန်သူ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်ကြီး ခွန်ဆာနှင့် ဆက်စပ် ပတ်သက်နေသူများ ဖြစ်သည်။   

မသင်္ကာသူများမှာ ပီရာယွတ်ဖက်ဆာကိုလ် (Peerayuth Phetsakol) ၊ ချမ်းနာရောင်းမူဆာ (Charn-narong Muser) ခေါ် ကာဆင်သက် (Kasemthat) ၊ ဗီချမ်းဆူထီးဖန် (Vicharn Suthiphan) တို့ဖြစ်သည်ဟု အထူး စုံစမ်းစစ်ရေးဌာန (DSI) မှ ဒုတိယအတွင်းရေးမှူးချုပ် ရဲဗိုလ်မှူးကြီး ဒူဆာဒီးအရာယာဝတ် (Dusadee Arayawut) က ဆိုသည်။   

တာဝန်ရှိသူများသည် သူတို့ထံမှ ဘတ် သန်း ၁၂ဝ (အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ သန်း) တန်ဖိုးရှိ ပိုင်ဆိုင်ပစ္စည်းများနှင့် ရိုင်ဖယ် ၂ လက်တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ဌာန (DSI) ၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန် DEA က သူတို့ဌာနကို မူးယစ်ဆေးဝါးဂိုဏ်းနှင့် ငွေမဲခဝါချခြင်း လုပ်ငန်းများကို စုံစမ်းစစ်ဆေးပါရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

“ဤအဖွဲ့တွင် မူးယစ်ဆေးဝါး ထုတ်လုပ်သော စက်ရုံတရုံ ဗမာပြည်အတွင်း ထိုင်းနယ်စပ်အနီးမှာ ရှိသည်။ ဤစက်ရုံကို ဝတပ်ဖွဲ့ (UWSA) က အကာအကွယ် ပေးထားပြီး ဘိန်းဖြူနှင့် မက်တာအင်ဖက်တမင်း ဆေးပြားများ ထုတ်လုပ်နေသည်။

ဤမူးယစ်ဆေးဝါးများကို ထိုင်း၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တွင် ရောင်းချရန် မှောင်ခိုသယ်ယူကြသည်။ အဲဒီကနေတဆင့် နောက်ပိုင်းတွင် ဖိလိပိုင်၊ ကနေဒါနဲ့ အမေရိကန်ကို တင်ပို့ကြသည်။ ဤအဖွဲ့သည် ကွယ်လွန်သူ ခွန်ဆာနဲ့လည်း ဆက်စပ်နေသည်” ဟု ကြေညာချက်တွင် ဆက်လက် ရေးသား ဖော်ပြထားသည်။

ဆူထီးဖန်နှင့် မူဆာတို့မှာ ခွန်ဆာနှင့် ဆွေမျိုးတော်စပ်ကြသူများလည်း ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

သူတို့၏ ဖခင်များသည် လွန်ခဲ့သော ၁၉ နှစ်က မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုဖြင့် အဖမ်းခံခဲ့ကြရပြီး၊ ယခုအခါ သူတို့၏ ထောင်ဒဏ်များကို ဆိုင်းငံ့ထားသည်။

ဘိန်းဘုရင် ခွန်ဆာ ခေါ် ချန်ချီဖူးသည် မြန်မာအာဏာပိုင်များထံ ၁၉၉၆ ခုနှစ်က လက်နက်ချခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ်က ရန်ကုန်မြ့ုိတွင် ကွယ်လွန်သွားခဲ့သည်။

ချင်းရိုင်မြ့ုိရှိ အိမ်တအိမ်တွင် ဖမ်းဆီးရမိခဲ့သော ဖက်ဆာကိုးလ် (Phetsakol) က သူသည် ၂ဝဝ၇ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်းတွင် ပါဝင် ပတ်သက်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး ကီလိုဂရမ် ရ၅ဝ ကျော် ရောင်းချပြီးဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။

မူဆာနှင့် ဆူထီးဖန်တို့ကိုမူ ချင်းမိုင်နှင့် ဘန်ကောက်မြ့ုိတို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့သည်။ ထိုင်းအာဏာပိုင်များက ဤမူးယစ်ဂိုဏ်းများမှ အခြားအဖွဲ့ဝင်များကိုပါ စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်နေသည်။

ဘန်ကောက်ရှိ ီနဗ ရုံး၏ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အင်ဒရူးကယ်လမ် (Andrew Kellum) က ပြောကြားရာတွင် ဤဂိုဏ်းရှိ အချို့အဖွဲ့ဝင်များသည် ယခင်ကလည်း အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါးအမှု ရာဇဝင်ရှိခဲ့သူများဖြစ်ပြီး၊ သူတို့အား ဖမ်းဆီးခဲ့ကာ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

သူတို့သည် မိသားစု အဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါး လုပ်ငန်းသို့ (DSI) မှ ဖော်ထုတ် ဖမ်းဆီးသည်အထိ ပြန်လည် ဝင်ရောက် လုပ်ကိုင်လာခဲ့ကြသည်ဟု ထိုင်းသတင်းအေဂျင်စီ၏ စနေနေ့က သတင်းပေးပို့ချက်အရ သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံမြောက်ပိုင်း နယ်စပ်နှင့် အဓိက လမ်းမကြီးများတလျှောက် စောင့်ကြပ်ကြည့်ရှုမှုများ ပိုမို ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသများသို့ မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ယူ ရောင်းချခြင်းများကို တားဆီးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ အကြံပေး ချတ်ချိုင်းဆူထိးကလုမ် (Chartchai Sutthiklom) က ပြောသည်။

Most read this week