စစ်ကိုင်းတိုင်းအတွင်း ဗဟိုပြုတဲ့ငလျင်များ ဆက်တိုက်လှုပ်ခတ်နေဆဲ၊ တစ်ပတ်အတွင်း အကြိမ်ရေ တစ်ရာကျော်ရှိနေ

စစ်ကိုင်းတိုင်းအတွင်း ဗဟိုပြုတဲ့ငလျင်များ ဆက်တိုက်လှုပ်ခတ်နေဆဲ၊ တစ်ပတ်အတွင်း အကြိမ်ရေ တစ်ရာကျော်ရှိနေ

Photo - ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် တိုက်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြစဉ်။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဗဟိုပြုတဲ့ အင်အားအတင့်အသင့်ရှိတဲ့ ငလျင်တွေဟာ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေဆဲဖြစ်တယ်လို့ မိုးဇလနဲ့ ဒေသခံတွေရဲ့ ထုတ်ပြန်ပြောဆိုမှုတွေအရ သိရပါတယ်။

ဒီနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၁၀ နာရီမှာလည်း ထီးချိုင့်မြို့ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုထားတဲ့ အင်အား ၃.၉ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့တစ်ရက်တည်းမှာပဲ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်တစ်ခု ထပ်လှုပ်ခတ်ခဲ့ပါတယ်။

ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအား ရစ်ချက်စတာစကေး (၃.၁) အဆင့်ရှိပြီး အနက် ၄ ကီလိုမီတာရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့  ပြင်းအားမြင့် ငလျင်နောက်ဆက်တွဲအနေဖြင့် အကြိမ် (၁၆၉) ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းမှတ်တမ်းများအရ လေ့လာသိရှိထားရပါတယ်။

မနေ့က ညနေပိုင်းမှာလည်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ မန္တလေးမြို့မှာလည်း ရစ်ချက်တာစကေး ၅  အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် တိုက်တချို့ပြိုကျပျက်စီးတာ လူထိခိုက်မှုတွေလည်း ရှိခဲ့ပါသေးတယ်။

“ငလျင်က တောက်လျောက်ကြီး လှုပ်ခတ်နေတယ်။ တစ်ရက်ကို နှစ်ကြိမ်သုံးကြိမ်၊ နေ့ရော ညရော၊ ညဆိုရင် ညသန်းခေါင်တွေ ပိုလှုပ်တယ်” လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။

ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေမှုတွေကြောင့် မန္တလေးက ဒေသခံအများစုဟာ နေအိမ်အတွင်းမနေရဲကြပဲ အိမ်ပြင်၊ လမ်းမပေါ် နဲ့ ကွင်းပြင်တွေမှာ သွားရောက်နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။

တစ်ပတ်အတွင်း ငလျင်ကြောင့် ထိခိုက်သူ ဒဏ်ရာရသူ ၄၅၂၁ ဦးနဲ့ ပျောက်ဆုံးသူ ၄၄၁ ဦးရှိနေသလို သေဆုံးသူ ၂၇၀၀ ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။

March 21, 2025
ဗန်းမော်မြို့နယ်က တိုက်ပွဲမဖြစ်ပွားတဲ့ မအူပင်ကျေးရွာအုပ်စုရှိ  ကျေးရွာ (၈) ရွာမှာ...
March 20, 2025
ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေဟာ နေရပ်ပြန်ချိန်မှာ...
March 6, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့နယ်တွင်းက ရွှေမှော်တွေမှာ အလုပ်သမားတွေနဲ့...
March 5, 2025
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသမှာ ဖေဖော်ဝါရီလ...