- လမ်းပြန်လည်ကောင်းလာပြီး ကုန်ကားကြီးတွေဝင်ရောက်လာတဲ့နောက် ဟူးကောင်းဒေသ တနိုင်းမြို့မှာ အခြေခံစားသောက်ကုန်တချို့ ဈေးလျော့ကျလာပေမဲ့ စက်သုံးဆီကတော့ ဈေးကြီးမြင့်နေဆဲဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာဒေသက တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ တချို့နေအိမ်တွေ လက်ရှိအချိန်ထိ အသေအချာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်တာ မရှိသေးပါဘူး။
- မြစ်ကြီးနား-မြစ်ဆုံလမ်း နောင်နန်းတိုက်နယ် ဆယ်မိုင်ကျေးရွာက ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး၊ ပညာရေးအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်စေတဲ့ အိမ်တွင်းမွေးမြူရေးကို လုပ်ကိုင်လာရာကနေ အခုချိန်မှာ ဝက်မွေးမြူသူတွေ လျော့ကျလာတယ်လို့ ပြောပါတယ်။ ဘာကြောင့် ဝက်မွေးမြူသူတွေ လျော့ကျလာသလဲဆိုတာကိုလည်း တင်ပြပေးမှာဖြစ်ပါတယ်။