Published
Friday, January 10, 2025
ဖလမ်းမြို့နယ်မှာ စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ ၈ ဦးသေဆုံး
- ချင်းပြည် ဖလမ်းမြို့နယ် Khuanglung(ခွမ်လုံ)ကျေးရွာက စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အစောင့်တပ်သားတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
- စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းပြည်မှာ ၄ နှစ်အတွင်း အရပ်သားပြည်သူ ၁၁၆ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၄၂ ဦးရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ထုတ်ပြန်ပါတယ်။
- အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR)ကို ပြန်လည်ခွင့်ပြုပေးဖို့ အိန္ဒိယဗဟိုအစိုးရကို Zo RE-unification Organization(ZORO) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။