Published
Wednesday, December 18, 2024
သောင်ရင်းမြစ်ကမ်းနံဘေးက တောနော်ကော်သူးလေ အထက်တန်းကျောင်းဟာ စိုးရိမ်ကြောက်လန့်မှုအကြားက ပညာသင်ကြားနေရ
- ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် သောင်ရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ တောနော်ကော်သူးလေ အထက်တန်းကျောင်းဟာဆိုရင် စိုးရိမ်ကြောက်လန့်မှုအကြားက ပညာသင်ကြားနေရပါတယ်။
- အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလူးမဲရွာမှာ နေထိုင်ကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးနေရပါတယ်။
- အရင်က လေယာဉ်ပျံကြီးလာတာကိုကြားတာနဲ့ ထွက်ကြည့်ကြတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ကလေးငယ်တွေဟာ အခုအချိန်မှာတော့ လေယာဉ်သံကိုကြားတာနဲ့ လေယာဉ်ဗုံးသီးကနေလွတ်မြောက်နိုင်အောင် ပုန်းအောင်းတိမ်းရှောင်နေကြရပါတယ်။