မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ သောင်းကျော်အတွက် အိန္ဒိယဗဟိုအစိုးရက ပေးအပ်တဲ့ ဆန်မက်ထရစ်တန်ချိန် ၁၃၀၀ ကျော်ဖြန့်ဝေပေးနေ

မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ သောင်းကျော်အတွက် အိန္ဒိယဗဟိုအစိုးရက ပေးအပ်တဲ့ ဆန်မက်ထရစ်တန်ချိန် ၁၃၀၀ ကျော်ဖြန့်ဝေပေးနေ

မီဇိုရမ်ပြည်နယ်အစိုးရရဲ့ နိုဝင်ဘာလ ၂၅ ရက်ထုတ်ပြန်ချက်အရ အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ သောင်းကျော်အတွက်ပေးအပ်တဲ့ ရူပီးသိန်း ၅၀၀ တန်ဖိုးရှိသော ဆန်မက်ထရစ်တန်ချိန် ၁၃၇၉ ဟာ စစ်ဘေးရှောင်များနေထိုင်ရာ မီဇိုရမ်ပြည်နယ်က ခရိုင် ၁၁ ခုမှာ ရောက်ရှိသွားပြီဖြစ် ကြောင်း၊ တချို့ခရိုင် တွေမှာ ဆန် အကူအညီ များ ဖြန့်ဝေပေးအပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဆန်များကို မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်သတ်မှတ်ချက်အတိုင်း ကနဦးသတ်မှတ်ချက်အရ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၃၁.၅ ကေဂျီ(kg)နှုန်းဖြင့် ဖြန့်ဝေမည်ဖြစ် ကြောင်းသိရပါတယ်။

အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့က မီဇိုရမ်ပြည်နယ်က ချင်း(မြန်မာ)စစ်ဘေးရှောင်များ အတွက် ဆန်ထောက်ပံ့ရေးအစီအစဉ်ကို လောင်တလိုင်မြို့၊ ချန်မာရီရပ်ကွက်ရှိ ကာနန်စစ်ဘေးရှောင်စခန်းမှာ စတင်ပြီးထောက်ပံ့ပေးခဲ့ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄ ၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိ ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး ဌာနစာရင်းအရ သိရပါတယ်။

မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှာ နေထိုင်ခိုလှုံတဲ့ မြန်မာစစ်ဘေးရှောင်များဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြဘဲ နေ့စားအလုပ်၊ တောင်ယာလုပ်ငန်းများနှင့် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်နေကြပြီး အလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များရဲ့ ထောက်ပံ့မှုဖြင့် ရပ်တည်နေကြကြောင်း သိရှိရပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်မှာ လာရောက်ခိုလှုံကြတဲ့စစ်ဘေးရှောင်များ တစ်နေရာထဲ စုပေါင်းနေထိုင်နိုင်မယ့် မြေနေရာများ ရှာဖွေနေဆဲဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်သတင်း LPS သတင်းမှာ နိုဝင်ဘာလ ၂၆ ရက် မှာ ဖော်ပြထားပါတယ်။

Most read this week

February 14, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို...
February 10, 2025
(CDM ၄ နှစ်ပြည့် ) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု...
မတူပီမြို့တွင်းတစ်နေရာ။
February 6, 2025
ချင်းပြည်နယ်၊ မတူပီမြို့ကို ဒေသခံတွေ တဖြည်းဖြည်း ပြန်လာနေထိုင်ကြသလို လက်ရှိ လူဦးရေအားဖြင့် ၂...
February 4, 2025
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊...