ချင်းပြည်နယ် ဆမီးမြို့က အမျိုးသမီးတစ်ဦး မုဒိန်းပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရ

ချင်းပြည်နယ် ဆမီးမြို့က အမျိုးသမီးတစ်ဦး မုဒိန်းပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရ

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရကာ ဒေသခံတွေက သူမကို ဆမီးမြို့အနားမှာ ပြန်တွေ့လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ဆမီးမြို့ဒေသခံ အမျိုးသမီးဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ဟင်းထွက်ရှာစဉ် နေအိမ်ကို ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဆမီးမြို့အနားက စောချောင်းဝမှာ သူမကို မြက်ပင်တွေနဲ့ ဖုံးထားတာကို ရှာဖွေသူတွေက တွေ့ရှိခဲ့ကာ ဆမီးဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၂ ရက်နေ့က ထွက်ပြီး ၂၃ ရက်နေ့ မနက်မှတွေ့တာဖြစ်တယ်၊ တွေ့ကတည်းက အဝတ်ဗလာ၊ ရုန်းခတ်ဆန်ခတ် ဒဏ်ရာတွေနဲ့တွေအပြင် မအင်္ဂါမှာလည်း ဒဏ်ရာတွေ့တယ်တဲ့။ လက်ရှိ ဆမီးဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ် အသက်ရှုတာကလွဲရင် ကျန်တာဘာမှမသိဘူး၊ စကားလည်း မပြောနိုင်ဘူး။ သူက ကလေးသုံးယောက်မိခင်ပါ”လို့ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးမြို့ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်၊ အုပ်ချုပ်တဲ့ ဒေသလည်း ဖြစ်ပြီး အခုလိုဒေသခံအမျိုးသမီး မုဒိန်းပြုကျင့်ခံရတာနဲ့ ပတ်သက်လို့ AA ဖက်ကတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

February 14, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို...
February 10, 2025
(CDM ၄ နှစ်ပြည့် ) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု...
မတူပီမြို့တွင်းတစ်နေရာ။
February 6, 2025
ချင်းပြည်နယ်၊ မတူပီမြို့ကို ဒေသခံတွေ တဖြည်းဖြည်း ပြန်လာနေထိုင်ကြသလို လက်ရှိ လူဦးရေအားဖြင့် ၂...
February 4, 2025
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊...