Published
Friday, November 01, 2024
ဟားခါးမြို့အနီး Kiamtlang ရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံး
- ချင်းပြည် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
- ချင်းပြည်ရဲ့မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
- ချင်းပြည် ဟားခါးမြို့အနီး Kiamtlang မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။