Published
Monday, October 21, 2024
မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နားက စွယ်တော်လက်နက်ကြီးစခန်းကုန်းကို KNLA နဲ့ပူးပေါင်းတပ်ကသိမ်းပိုက်
- မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီတပ်ရဲ့ စွယ်တော်လက်နက်ကြီးစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA နဲ့ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
- သီပေါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တာကြောင့် သီပေါမြို့ခံ ၃၃ ယောက်သေဆုံးခဲ့ပါတယ်။
- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က အဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။