Published
Monday, September 30, 2024
ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ဒေသတွေထဲ စစ်ကောင်စီက ခပ်စိပ်စိပ် လေကြောင်းဗုံးကြဲတိုက်ခိုက်
- စစ်မှုထမ်းဖို့ စုဆောင်းခံထားရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စားသောက်နေထိုင်ရေးနဲ့ တခြားဝေယျာဝစ္စတွေကို ဖိအားပေးခိုင်းစေတာကြောင့် လုပ်ဆောင်ပေးနေရပါတယ်။
- ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ဒေသတွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်လာနေပြီး အရပ်သားသေဆုံးမှုကလည်း ပိုတိုးလာနေပါတယ်။
- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)ကနေ နုတ်ထွက်လိုက်ပြီလို့ ကြေညာခဲ့ပေမဲ့ PNLO အဖွဲ့ အမည်နဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ နာယက တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်ပါတယ်။