အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားများအတွက် လက်မှတ်ထုတ်ပေးရန် ထိုင်းအစိုးရ အတည်ပြု

အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားများအတွက် လက်မှတ်ထုတ်ပေးရန် ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင်အထောက်အထားလက်မှတ်များပြုလုပ်ပေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုလိုက်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ထိုတရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများအတွက် အလုပ်သမား မှတ်ပုံ တင်အပြင် နားလည်မှုစာချွန်လွှာ (MOU) စနစ်ဖြင့် ဝင်ရောက်လာသူများအတွက် သက်တမ်း တိုးမည့် ကာလအပိုင်းအခြားများ ပါဝင်သည့်အချက်သုံးချက်ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ပြောခွင့်ရ ဦးမိုးကျော်က ယခုလို ပြောသည်။

“တရားမဝင်ဖြစ်နေသူတွေ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် တစ်နှစ်ပေးသွားမယ်လို့ ဆုံးဖြတ်ထားတာရှိပါ တယ်။ နောက်နံပါတ်နှစ်နေရာမှာ နေထိုင်ခွင့် ဗီဇာအလုပ်လုပ်ကိုင်ခွင့် ပါမစ်နဲ့ ၂ နှစ်သက်တမ်း ကုန်ဆုံး ရက်ဖြစ်တဲ့ ၁၃ ဖေဖော်ဝါရီ ၂၀၂၅ အဲ့မှာ ကုန်ဆုံးတဲ့ အလုပ်သမားတွေအတွက်ကို ၂နှစ် သက်တမ်း ထပ်တိုးသွားမယ်လို့ ဆုံးဖြတ်ပါတယ်။ ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အလုပ်ရှင်ပြောင်းလဲရန်တွက် အဆင်ပြေချောမွေ့ပြီး အချိန်မီ အလုပ်ရှင် အသစ်ရှာ ဖွေနိုင်ရန် အတွက်လည်း အလုပ်ရှင်အပြောင်းအလဲ ပြုလုပ်သည့်ရက်ကို ယခင်က ရက် ၃၀ ပေးထားရာမှ ယခု ဆုံးဖြတ်ချက်တွင် ရက်ပေါင်း ၆၀ ပြောင်းလဲသတ်မှတ် တိုးမြင့်ပေးလိုက်ကြောင်းလည်း ဦးမိုးကျော်က ဆက်ပြောသည်။

ယခုလို အတည်ပြုထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များသည် ယခင် နိုင်ငံခြားသား အလုပ် သမားစီမံ ခန့်ခွဲရေး ကော်မတီ၏ အဆိုတင်သွင်းချက် သုံးချက်ကို ထိုင်းအစိုးရ (ဝန်ကြီးချုပ်) အပြောင်းအလဲပြီး နောက် ပြန်လည် ဆွေးနွေးမှုအပြီး ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များဖြစ်သည်။

ယခုလို တရားဝင် အထောက်အထားများ ပြုလုပ်ပေးသွားမည့် အစီအစဉ်ကြောင့် တရားမဝင် လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် အသက်ရှင်ရပ်တည်ရန်အဆင်ပြေကြောင်း အထောက်ထား မပြုလုပ်ရသေးသည့် အမည်မဖော်လိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

“လုပ်ပေးသင့် ကြာပြီလို့တောင်ပြောရမလို ဖြစ်နေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် တရားမဝင်တဲ့ ဘဝက တော်တော်ဆိုးတယ်လေနော်။ အိမ်ပြင်ထွက်ရတာတို့၊ လမ်းပေါ်ထွက်ရတာ တို့မလုံခြုံဘူးလေ စိတ်ထဲမှာ။ တကယ်လို့သာ အဲ့ပန်းရောင်ကဒ် လုပ်ပေးမယ်ဆိုရင် အကုန်လုံးကလည်း ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ နေထိုင်ပြီးတော့ အလုပ်လုပ်ကိုင်သွားလာလို့ရမှာပေါ့နော်။ ချမ်းသာဖို့ ဆိုတာထက် အသက်ရှင်ရပ်တည်ဖို့ စားဖို့သောက်ဖို့ ဒီလောက်ကိုပဲ မျှော်လင့်ထားတာဖြစ်တဲ့အတွက် ပန်းရောင်ကဒ် လုပ်ပေးလိုက်တယ်ဆိုတာ လူတွေအများကြီး အသက်ကိုကယ်လိုက်သလိုပဲ၊” ဟု ပြောသည်။

ယခုလို ဆုံးဖြတ်ချက်များထွက်ပေါ်လာခြင်းကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် လေးနိုင်ငံရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးဖြစ်သလို မြန်မာရွှေ့ပြောင်း အလုပ်သမား များအတွက် ပြည်တွင်းတွင် သက်တမ်းပြန်တိုးရမည်ဆိုလျှင် စိုးရိမ်မှုများရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ များက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၂.၅ သန်းရှိသည်ဟု ထိုင်းအလုပ် သမားဝန်ကြီး ဌာန စာရင်းများ အရ သိရသည်။ လက်ရှိတွင် ပြည်ပထွက် အလုပ်လုပ်ကိုင်သူများ များပြားလာသည့်အတွက်ကြောင့် စစ်ကောင်စီဘက်မှ လူငယ်များကို ပြည်ပထွက်ခွာခွင့်များကို ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်လျက်ရှိသည်။

Most read this week

September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...
September 25, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...