Published
Sunday, September 01, 2024
မောင်တော တစ်မြို့လုံးကို AA ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်ပြီ
ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် (AA) က မြို့သိမ်း တိုက်ပွဲဆင်နွှဲနေရာကနေ အခုအခါတစ်မြို့လုံးကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေထဲ လုံခြုံမှု၊ နွေးထွေး မှု အပြည်အဝနဲ့ နေထိုင်နေရတယ်လို့ ဒေသခံ မွတ်ဆလင်တွေ က ပြောပါတယ်။
သံတွဲက နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ မောင်ရွှေလေး ရေတပ် မကျဖို့အရေး စစ်တပ်ကစစ်သင်္ဘော (၈) စီးနဲ့ အပြင်းအထန် ခုခံနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ ရခိုင် သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။