Published
Monday, August 26, 2024
တောင်ကုတ်မြို့အနီးရွာတချို့ လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံ ၁ ဦးသေ နေအိမ်များ ပျက်စီး
- မောင်တောတိုက်ပွဲထဲ ပိတ်မိနေသူတွေကို အာရက္ခတပ်တော် (AA) က ဆက်လက် ကယ်ထုတ်နေတာ အခုဆိုရင် အယောက် ၂ သောင်းကျော် ရှိလာနေပြီ ဖြစ်ပါတယ်။
- တောင်ကုတ်မြို့ အနီးအနားက ရွာအချို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် သေဆုံးပြီး လူနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။
- တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့ မာန်အောင်မြို့နယ်မှာ စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ ရခိုင်သတင်းတွေကို ကျမ .. က တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။