မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် မံစီမြို့နဲ့ဗန်းမော်မြို့ထဲကို စစ်ရေးဦးတည်နေ

မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် မံစီမြို့နဲ့ဗန်းမော်မြို့ထဲကို စစ်ရေးဦးတည်နေ

- ဗန်းမော်ခရိုင် မံစီနဲ့မန့်ဝိန်းကြီးကြား ဒိန်ဆင်းပါအနီး ကိုင်းထိပ်(Kaihtike)ဒေသမှာ မြေရှားသတ္တုတူးဖော်ဖို့ KIO က ပြင်ဆင်နေပြီဖြစ်ပြီး မြေရှားသတ္တုတူးဖော်မှုကို ထပ်မံကန့်ကွက်ဆန္ဒပြတာတွေမပြုလုပ်ဖို့ KIO ဥက္ကဋ္ဌက အင်ဘာပါဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံပြောဆိုခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

- ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ကာကွယ်ပေးတဲ့ မိုးမောက်မြို့အခြေစိုက် ခမရ ၄၃၇ တပ်ရင်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်လိုက်ပြီး မံစီမြို့နဲ့ဗန်းမော်မြို့ထဲကို စစ်ရေးဦးတည်နေတယ်လို့ သိရပါတယ်။

- ပူတာအိုမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ တရားခံက အယူခံဝင်နေတာကြောင့် ဒီကိစ္စအပေါ် လုံး၀ လက်မခံနိုင်ဘူးလို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

November 14, 2024
- ကရင်နီလူမှုသိပ္ပံကောလိပ်က အသက်မွေးဝမ်းကျောင်းသင်ကြားရေး အပတ်စဉ်(၄)ရဲ့ ၃ လတာ...
November 13, 2024
- KIA သိမ်းပိုက်ထားတဲ့ ကချင်အထူးဒေသ ၁ က မြို့တွေမှာ စည်းလုံးမှုနဲ့လုံခြုံရေးအတွက်...
November 13, 2024
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်/တပ်မဟာ(၁)မှာ တပ်သားသစ်ထပ်မံမွေးထုတ်ဖို့အတွက်...
November 12, 2024
- ရခိုင်က စစ်ရေးအကြားက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပါတယ်။ -...