Published
Saturday, August 10, 2024
KIO ဌာနချုပ်အနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့အရပ်သားတချို့ ထိခိုက်သေဆုံး
- ဗန်းမော်မြို့အနီးရှိ မိုးမောက်အခြေစိုက် ခမရ ၄၃၇ တပ်ရင်း အပြင်းအထန် တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်ဖွဲ့ဟာ KIO ဌာနချုပ် လိုင်ဇာမြို့အနီးကို လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့အတူ အရပ်သားတချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
- ချီဖွေမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ထောက်တိုင် ပြည်သူ့စစ်တပ်ဖွဲ့တွေက အတင်းအဓမ္မ တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ စျေးတန်းနဲ့ရပ်ကွက်တချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတယ်လို့ ပြောပါတယ်။