Published
Thursday, August 08, 2024
တောထဲမှာ ပညာသွားရောက်သင်ယူနေရတဲ့ စစ်ဘေးရှောင်ကလေးတွေ မိုးတွင်းကာလမှာ သွားလာရခက်ခဲ
- လေကြောင်းရန်ကြောင့် ကရင်နီပြည် ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ် နယ်စပ်က စစ်ဘေးရှောင်ကျောင်းသူကျောင်းသားတွေ တောထဲမှာ စာသင်နေရပြီး မိုးတွင်းကာလ သွားလာရခက်ခဲနေပါတယ်။
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ ၂ နှစ်ဆက်တိုက် အရှုံးနဲ့ရင်ဆိုင်နေရတာကြောင့် ဝမ်းရေးအတွက် ပူပန်နေကြပါတယ်။
- အရှုံးမလိုချင်တဲ့အတွက် ခြေတုတစ်ဖက်နဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ အကြောင်းကိုလည်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။