မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်း၊ ကလေးငယ် ၃၀ ကျော်ကို စောင့်ရှောက်ထားဟုဆို

မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်း၊ ကလေးငယ် ၃၀ ကျော်ကို စောင့်ရှောက်ထားဟုဆို

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားပြီး ကလေးငယ် ၃၀ ကျော်ကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ ထံမှ သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ ULA/AA အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဇွန်လအတွင်း ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်စခန်းများမှ တောထဲသို့ ထွက်ပြေးခဲ့ရကြောင်း တပ်မဟာ – ၁ ဇူလိုင်လ ၂၀ ရက်က ထုတ်ပြန်သည်။

တောထဲသို့ ထွက်ပြေးစဉ်လမ်းခရီးတွင် ခရီးလမ်းကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးသော ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။

အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ထဲတွင် အများစုမှာ ခြေလက် သဲဝဲစားမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရပြီး ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့၏ ဆေးတပ်ဖွဲ့များက ဆေးဝါးကုသမှု ပေးအပ်နေဆဲဖြစ်ကြောင်း သိရသည်။

CDF – တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်တွင် ဆေးဝါးကုသပေးနေသော ကလေးငယ် ၂ ဦးကို မေးမြန်းရာတွင် တောထဲ စစ်ဘေးရှောင်နေရစဉ်အတွင်း ၉ ရက်၊ ၁၀ ရက်ခန့် ထမင်းမစားခဲ့ရကြောင်း ဖြေဆိုထားကြသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (ULA/AA)၊ YDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ ၉ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့သည်။

လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက်ကို ချင်းညီနောင်အဖွဲ့က ချမှတ်ထားကြောင်း သိရသည်။

September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...