- ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်းမှာ အာရက္ခတပ်တော်(ULA/AA)အနေနဲ့ စစ်ရေးလှုပ်ရှားမှု၊ အတင်းအကျပ် အုပ်ချုပ်ရေးဖော်ဆောင်နေမှုတွေကို ရပ်တန့်ပေးဖို့ ချင်းလဲန်းကောင်စီက တောင်းဆိုလိုက်ပါတယ်။
- ချင်းပြည် တီးတိန်မြို့ကို စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့က ထက်ဝက်ခန့်စီ အပြိုင်ထိန်းချုပ်စိုးမိုးထားကြပြီး မြို့ပေါ်က အရပ်သားနေအိမ် ၇၀ ကျော်မှာ မီးရှို့ဖျက်ဆီးခံထားရကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
- ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်အတွင်း ဈေးဆိုင်တွေပိတ်ထားဖို့နဲ့ လူ ၅ ဦးထက် ပိုမစုရအမိန့်ထုတ်ပြန်မှုကို ချင်းရိုးရာအတိုင်း လာရောက်တောင်းပန်မှသာ ပြန်လည်ရုပ်သိမ်းပေးမယ်လို့ စစ်ကောင်စီက ပြောဆိုပါတယ်။