နေရပ်ပြန်နေထိုင်ကြသော ကော့ကရိတ်စစ်ရှောင်ပြည်သူအချို့ မိုင်းနင်းမိသူများရှိနေ

နေရပ်ပြန်နေထိုင်ကြသော ကော့ကရိတ်စစ်ရှောင်ပြည်သူအချို့ မိုင်းနင်းမိသူများရှိနေ

တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရပြီးနောက် နေရပ်ပြန်နေထိုင်ကြသော ကော့ကရိတ်မြို့ခံ စစ်ရှောင်ပြည်သူအချို့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ သူများရှိကြောင်း နေရပ်ပြန် ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်း ပြည်သူ များအား ပြန်လည်နေထိုင်ရန်ပြောဆိုခြင်းကြောင့် မြို့ခံအချို့ ပြန်လည်ဝင် ရောက်နေ ထိုင်ရာတွင် ယခုလို မိုင်းနင်းမိသူများရှိလာခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ပြည်သူတွေက စစ်ရှောင်လာတာကြာတော့ ကိုယ့်မြို့ကိုယ့်အိမ်ကို ပြန်ချင်ကြပြီး။ စစ်ကောင်စီတပ်က ပြန်နေဖို့ဖိတ်ခေါ်တော့ မြို့တွင်းက ပြည်သူတော်တော် များများ ပြန်နေကြတယ်။ ပြန်နေတဲ့သူအချို့လည်း မိုင်းနင်းမိတာရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ရက်နေ့က ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက် အပျိုလူပျို ဓမ္မာရုံ အနောက်တွင် ပြန်လည်နေထိုင်သူ မညိုသည် အဝတ်ထွက်လှန်းစဉ် မိုင်းနင်းမိ၍ ခြေ ထောက်နှစ်ဖက်လုံးထိမှန်ပြီး တစ်ဖက်တွင် ပြတ်‌သွားကြောင်း မြို့တွင်း ပြန်နေထိုင် သူများက ပြောသည်။

စစ်ကောင်စီက ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထွက်ပြေးတိမ်း ရှောင် နေရသည့် စစ်ရှောင်ပြည်သူများကို ပြန်လာနေခိုင်းရန် ဖိအားပေးပြော ဆိုမှုများရှိကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။

သို့သော် အရပ်သားများလုံခြုံရေးအတွက် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ပေး ခြင်းမျိုး မရှိဘဲ ပြန်လည် ဝင်ရောက်နေထိုင်းခိုင်းသည့်အတွက် ယခုလို မိုင်းနင်း မိမှုများကြုံ တွေ့ရခြင်းဖြစ်ကြောင်းလည်း စစ်ရှောင်ကူညီသူများက ထောက်ပြပြောဆိုသည်။

အလားတူ ဖားအံမြို့နယ်တွင် ဆက်လက်စစ်ရှောင်သူများကို စားနပ်ရိက္ခာထောက်ပံ့‌တော့ မည်မဟုတ်ဘဲ ကော့ကရိတ်မြို့သို့ ပြန်လည်နေထိုင်မှသာ ထောက်ပံ့မှုရမည်ဟု ပြောလာ သဖြင့် အခြေခံလူတန်းစားအများစုသာ ပြန်အခြေချနေထိုင်ကြောင်း ဖားအံမြို့သို့ သွားရောက်တိမ်းရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက "ဖားအံမှာ စစ်ရှောင်စခန်းသီးသန့်မရှိတော့ ဘုန်းကြီးကျောင်းတွေ သူများအိမ် တွေမှာပဲ စစ်ရှောင်နေကြတယ်။ အခုက ဒီမှာနေရင် ထောက်ပံ့မှုမပေးတော့ဘူး။ ကော့ကရိတ်ကို ပြန်နေမှ ရမယ်ပြောတယ်။ ပိုက်ဆံရှိတဲ့သူက ဖားအံမှာ အိမ်ငှားနေပြီး သွားလိုက်လာလိုက်ပဲလုပ်နေတယ်။ အခြေခံလူတန်းစားတွေပဲ အခြေချပြန် နေထိုင် ကြတယ်"ဟု ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်မည်ဟု ပြောဆိုကြသော်လည်း လက်ရှိအချိန်ထိ အကောင် အထည်ဖော်နိုင်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...