Published
Sunday, May 12, 2024
ဝေသာလီကျေးရွာကို စစ်တပ်ကမီးရှို့ခဲ့၍ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ယောက်သေဆုံး
- မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် လူနေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
- သံတွဲမြို့နယ်မှာ အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို အတွဲလိုက်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်နေပါတယ်။
- စစ်ကောင်စီက လမ်းခရီးတွေကိုပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာရှားပါးနေတဲ့ အမ်းမြို့မှာ စစ်ကောင်စီက ငရုတ်သီး၊ ကြက်သွန်အပါအဝင် လူတစ်ယောက်ကို ဆန်တစ်ပြည်နှုန်းစီ အကန့်အသတ်နဲ့ ရောင်းချပေးနေပါတယ်။