Published
Wednesday, May 01, 2024
ရေခန်းခြောက်လာတဲ့အတွက် ကရင်ပြည်အတွင်း စစ်ပြေးဒုက္ခသည်တွေ ရေရှားပါးမှုပြဿနာနဲ့ နောက်ဆက်တွဲအခက်အခဲကြုံ
- နွေရာသီအချိန်ကာလမှာ နေအပူချိန်မြင့်တက်ပြီး ရေတွေခန်းခြောက်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းက စစ်ပြေးဒုက္ခသည်တွေဟာ ရေရှားပါးမှုပြဿနာနဲ့ နောက်ဆက်တွဲအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
- ဖာပွန်ဒေသအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၄၃၄) တပ်စခန်းကို တစ်ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
- ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ မသန်စွမ်းသူတွေဟာဆိုရင် ခွဲခြားဆက်ဆံခံရမှုတွေ၊ တန်းတူအခွင့်အရေးမရရှိတာတွေနဲ့ လူမှုပတ်ဝန်းကျင်မှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မသန်စွမ်းသူတွေက ပြောပါတယ်။