Published
Wednesday, April 17, 2024
လွယ်ဂျယ်ရှိ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ငွေတွေဟာ KIO/KIA ရဲ့ဘဏ္ဍာငွေအဖြစ်ရှိနေမည်
- ဝိုင်းမော်မြို့၊ နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းမှာ ဖျားနာတဲ့သူတွေများတာကြောင့် ဆေးကုသဖို့ အကူအညီတွေလိုအပ်နေတဲ့အပြင် စစ်ဘေးရှောင်တွေနေထိုင်ဖို့နဲ့ စားနပ်ရိက္ခာအတွက်လည်း အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
- လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကနေ သိမ်းဆည်းရမိတဲ့ငွေတွေဟာ KIO/KIA ရဲ့ ဘဏ္ဍာငွေအဖြစ်ရှိနေမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
- တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ထားရပြီး ပူတာအိုမြို့မှာ စက်သုံးဆီပြတ်လပ်လာတာကြောင့် ဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲကိုလည်း တင်ပြပေးမှာဖြစ်ပါတယ်။