မြဝတီမြို့ရှိ ဘဏ်များမှငွေကြေးများကို မဲဆောက်လေဆိပ်မှတဆင့် ရန်ကုန်သို့ ပြန်သယ်၊ ဌာနဆိုင်ရာအရာရှိများ အသင့်ပြင်ထားခိုင်း

မြဝတီမြို့ရှိ ဘဏ်များမှငွေကြေးများကို မဲဆောက်လေဆိပ်မှတဆင့် ရန်ကုန်သို့ ပြန်သယ်၊ ဌာနဆိုင်ရာအရာရှိများ အသင့်ပြင်ထားခိုင်း

စစ်ကောင်စီက မြဝတီမြို့ရှိ မြန်မာ့စီးပွားရးဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ်များမှ ငွေကြေးများကို ဧပြီလ ၇ ရက် ညပိုင်းက MNA မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့  မဲဆောက်မြို့မှတဆင့် ရန်ကုန်မြို့သို့ သယ်ဆောင်ခဲ့ပြီး နောက် လက်ရှိတွင် ဌာနဆိုင်ရာအရှိများအား အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားသည်ဟု မြဝတီမြို့ မြန်မာ့ စီးပွားရေးဘဏ်မိသားစုဝင်တစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

ဧပြီလ (၅)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ မြဝတီရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ဧပြီလ (၆)ရက်၊ နေ့စွဲဖြင့် ရန်ကုန်မှ မဲဆောက်သို့ အရေးပေါ်လေကြောင်းခရီးစဥ်ပျံသန်းခွင့်ပေးရန် ထိုင်းနိုင်ငံဘက်ကို အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် ယခုလိုဘဏ်များမှ ငွေကြေးများကို သယ်ဆောင်မှုဖြစ်ပေါ် လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ MNA လေယာဥ်အမှတ် ATR 72-600 သည် မဲဆောက်လေဆိပ်သို့ ဧပြီလ (၇)ရက်နေ့မှ (၉)ရက်နေ့ အထိ သုံးရက်တာပျံသန်းသွားမည်ဖြစ်ကြောင်း ထိုအကြောင်းကြားစာအရ သိရှိရသည်။

" မနေ့က နေ့လည်ပိုင်းက ဘဏ်ကဦးစီးအရာရှိကဘဏ်ကို ဝန်ထမ်းတွေစုခိုင်းပြီး မြို့က စီးပွားရေးသမားတွေရဲ့ ‌‌‌‌‌‌‌‌‌‌‌ကားတွေ ခေါ်ပြီး တံတား ၂ ကနေ မဲဆောက်လာတဲ့ လေယာဉ်ကို သယ်ပို့ လိုက်တာပါပဲ၊ မြန်မာ့စီးပွားရေး ဘဏ် တို့ ၊ KBZ တို့ ပုဂ္ဂလိကဘဏ်တွေကငွေတွေ သယ်ထုတ်ပေးရမယ်။ ဌာနဆိုင်ရာ အရာရှိတွေ မိသားစုတွေ လိုက် ရမယ်ဆိုပြီး အသင့်ပြင်ထားခိုင်းတယ်။ အခြားအဆင့်နဲ့ သာမန်ဝန်ထမ်းကတော့ လာကယ်ထုတ်မယ့် လေယာဉ် အစီအစဉ်မှာ မပါဘူး " ဟု ဘဏ်ဝန်ထမ်း မိသားစုဝင်က ပြောသည်။

မဲဆောက်လေဆိပ်တွင် ၁ နာရီကျော်ကြာ ရပ်နားခဲ့သော အဆိုပါလေယာဥ်သည် KNLA ပူးပေါင်း တပ်များ၏ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ဘက်သို့ အညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လာရောက် ခေါ်ယူခြင်းဖြစ်ပြီး KNU ဘက်က လက်နက်ချစစ်သုံ့ပန်းများကို စေလွှတ်ပေး လာခြင်းမရှိသဖြင့် လူမပါဘဲပျံ သန်းသွားရကြောင်း ထိုင်းသတင်းဌာနများဘက်က ယနေ့မနက်ပိုင်းတွင် ရေးသားဖော်ပြကြသော်လည်း ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

လတ်တလော မြဝတီမြို့တွင်  စစ်ကောင်စီရှေ့တန်းရုံး၊ ခရိုင် /မြို့နယ် ရဲစခန်း၊ စစစ ရုံး၊ စရဖရုံး ၊ ရဲ သတင်း တပ်ဖွဲ့ရုံးများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးကြာင်းနှင့် မြို့တွင်း ဒေသခံများ သွားလာရာင်းဝယ်မှုမပြတ်ရှိနေသေးကြောင်း မြဝတီမြို့ခံများက ပြောသည်။

မြဝတီမြို့ခံတစ်ဦးက“အခု ၂၇၅ တပ်ကတော့ ငြိမ်နေတယ်။ တိုက်ပွဲ သံမကြားရဘူး။ မြို့ကို BGF တွေ ပတ်နေတယ်။ လက်နက်အပြည့်နဲ့ ဟိုနားပတ်ဒီနားပတ်ပေါ့၊ ရပ်ကွက် သားတွေ ကတော့ သွားလာနေတယ်။ တံတား ၁ လည်း မဲဆောက်ဘက်သွားလို့ရနေတယ်။ ရှင်ပြုအလှူလှည့်တာလည်း ရှိနေတယ် " ဟု ပြောသည်။

ထိုသို့ မြဝတီမြို့တွင် လက်ရှိ တည်ငြိမ်နေသေးသော်လည်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် စစ်ကောင်စီ ဝန်ထမ်းများ လေကြောင်းက ခေါ်ထုတ်ပြီးလျှင် စစ်တပ်အုပ်ချုပ်ရေးရပ်ဆိုင်းကာ နယ်စပ်တံတားများ ပိတ်မည် ဖြစ်ပြီး စစ်တပ်ကလေကြောင်းမှ ဗုံးကြဲမည်ဟု သတင်းများပျံ့နှံ့နေကြောင်း မြဝတီ မြို့ခံများက ပြောဆိုကြသည်။

Photo: Crd.

KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...