စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်မည်ဟု MSRF ပြော

စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်မည်ဟု MSRF ပြော

စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်ရမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်- MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ကေအိုင်စီသို့ ပြောဆိုလိုက်သည်။

စစ်ကောင်စီတပ်၏ ထောက်ပို့ရေးလမ်းကြောင်းကို ပိတ်ပင်တားဆီးသည့်အနေဖြင့် မွန်-တနင်္သာရီ အ စပ်ရှိ မလွဲတောင်နှင့် ကလိန်အောင်ကြားရှိ လမ်းပိုင်းတစ်လျှောက်တွင် အသွားအလာပြုသည့် ယာဉ် များကို စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု MSRF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဆေးမှုများ ပြုလုပ်မှုအပေါ် MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “ဒီလုပ်ဆောင်မှုရဲ့ အဓိကရည်ရွယ်ချက်က စစ်ကောင်စီ အမြန်ဆုံးပြုတ်ကျဖို့အတွက် သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း၊ ထောက်ပံ့ရေးလမ်းကြောင်းကို ကျနော်တို့နည်းလမ်း ပေါင်းစုံနဲ့ ဖြတ်ရမှာြဖစ်တယ်။” ဟု ပြောသည်။

အဆိုပါ လမ်းပိုင်းစစ်ဆေးမှုကို MSRF၊ ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ (KBDF) ၊ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT)၊ ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ ရေးသိန်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF)၊ ဒေါနတပ်ခွဲ(၃)၊ ABSDF ကျောင်း သားတပ်မတော်တပ်ရင်း(၁)၊Ye Air Force(YAF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်ရင်း (၂၇) စသည့်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်နေမှုအပေါ် တနင်္သာရီတိုင်းအစပ် မလွဲ တောင်ပေါ်တွင်ရှိနေသည့် စစ်ကောင်စီတပ်များက သတင်းရရှိ၍ လမ်းပိုင်းတစ်လျှောက်သွား လာနေ သည့် ယာဉ်များ အားလုံးကို လမ်းပိတ်ချလိုက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ပြန်သွား သည့်အချိန်မှသာ လမ်းပြန်ဖွင့်ပေးသည်ဟု MSRF က သတင်းထုတ် ပြန်ထားသည်။

ယခုလို နယ်မြေစိုးမိုးထိန်းချုပ်ရေးအပြင် တိုက်ခိုက်ချေမှုန်းရေး စစ်ဆင်ရေးများကိုလည်း လုပ်ဆောင် လာရန်ရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ စခန်းနှင့်နီး သည့်နေရာများကို မသွားကြရန်နှင့် ရှောင်ရှားကြရန်လည်း MSRF က အသိပေးပြောဆိုသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး−ထားဝယ်−မော်လမြိုင်စသည့် လမ်းပိုင်း တစ်လျှောက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှုများ ပိုမိုလုပ်ဆောင် လာနေပြီး ပြည်သူများအနေဖြင့်လည်း မြို့တွင်းဖြစ်စေ၊ လမ်းပိုင်းဖြစ်စေ တော်လှန်ရေး တပ်ဖွဲ့များကို တွေ့ရှိသည်ဆိုပါက မည်သူမည်ဝါကိုမျှ မပြောပြရန်နှင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြပါရန် တော်လှန်ရေးအင်အားစုများဘက်က ပြောဆိုသည်။

Most read this week

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...